မဟာအောင်မြေမြို့နယ်၊ကမ်းနားလမ်းမှာ မီးလောင်မှုတစ်ခုဖြစ်ပွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်၊၄၁လမ်းအနီး၊ကမ်းနားလမ်းမှာ ဒီဇင်ဘာလ ၁ရက်နေ့ ညနေ၄နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရပြီး မီးလောင်မှု ကြောင့် သွပ်မိုးထရံကာနေအိမ်(၄)လုံး မီး လောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဌာနနဲ့နီးစပ်သူတချို့ထံက သိရပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းမှာ အိပ် ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားရာကနေ ဖယောင်းတိုင်လဲကျပြီး အနီးရှိ မွေ့ယာကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ရတာလို့သိရပါတယ်။မီးလောင်မှုကြောင့် သွပ်မိုး၊ထရံကာနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်နေအိမ်၅ လုံးက ပြည်သူ(၅၀)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကို Lv1အဆင့်သတ်မှတ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဇော်ဝင်းထွန်း ဦးဆောင်တဲ့ သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မီးငြှိမ်းသတ်ယာဥ်များ၊ရေသယ်ယာဥ်များ၊လူမှုကူညီအ သင်းများက ရေသယ်ယာဥ်တို့ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *