မဟာအောင်မြေမြို့နယ်လဝကရုံး ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ ပြည်သူ အမျိုးသား၁ဦးနဲ့အမျိုးသမီး၁ဦးသေဆုံးခဲ့

ရုံးဝန်ထမ်း၂ဦး၊နေ့စားဝန်ထမ်း၁ဦးနဲ့ပြည်သူ၄ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့

ဧပြီလ၅ရက်နေ့လယ်၁၂ရီခွဲက မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ် ကွက်၊ကျွဲဆယ်ကန် (၁)လမ်းက မဟာအောင်မြေမြို့နယ်၊လူ ဝင်မှုကြီးကြပ်ရေးနှင့်အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာနရုံး ကျွဲဆည် ကန်(၁)လမ်းပေါ်ကနေ ရုပ်ဆိုးဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က လက် လုပ်ဗုံးနဲ့ပစ်ပေါက်ခဲ့လို့ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူအမျိုးသာ၁ဦးနဲ့အမျိုးသမီး၁ဦးသေဆုံးခဲ့ပြီး ရုံးဝန်ထမ်း၂ဦး၊နေ့ စားဝန်ထမ်း၁ဦးနဲ့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဝကရုံးနဲ့နီးစပ်သူတချို့ဆီက သိရပါတယ်။

လက်လုပ်ဗုံးကို ဘယ်အဖွဲ့က ပစ်ပေါက်ခဲ့တယ်ဆိုတာ မသိရသေးဘဲ ပတ်စပို့လုပ်ဖို့အတွက် လဝကရုံးမှာ စာရင်းသွင်း စာရင်းဖြည့်ဖို့ ပြည်သူလူထုအများအပြား စီတန်းစောင့်ဆိုင်းနေချိန်မှာ အခုလို ဗုံးနဲ့ပစ်ပေါက်ခဲ့တာကိုတော့ မန္တလေးမြို့ခံတွေအနေနဲ့ ရှုတ်ချပြောဆိုနေကြပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *