မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်လုယက်သူအမျိုးသားတစ်ယောက်ကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၄၂လမ်း၊၈၃လမ်းနဲ့၈၄လမ်းကြားမှာ မေလ၁၁ရက် ညနေပိုင်းက ဆိုင်ကယ်လုယက်သူအမျိုးသား တစ်ယောက်ကိုရပ်ကွက်နေပြည်သူက ဝိုင်း ဝန်းဖမ်းဆီးပေးခဲ့တယ်လို့သိရပါတယ်။

“ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ၄၂လမ်း နဲ့၈၂လမ်းဒေါင့် လူငယ်၂ယောက်ကို ဓားနဲ့ ထိုးပြီး ဆိုင်ကယ်လုတာ လူငယ်တစ် ယောက် သေပြီး ဆိုင်ကယ်ပါသွားတယ်။ အခုလည်း ၄၂လမ်းပေါ်ပဲ ၈၃လမ်းနဲ့ ၈၄ လမ်းကြားမှာ ဆိုင်ကယ်လုတာ ရပ်ကွက် နေပြည်သူကောင်းလို့ ဆိုင်ကယ်လုတဲ့ သူခိုးတစ်ကောင်ဖမ်းမိတာ။

ဒီကောင်တွေကဆိုင်ကယ်လုတာတင်မဟုတ်ဘူး။လူ ပါသတ်တဲ့ကောင်တွေ ဒီလမ်းပေါ်မှာ လုပ် စားနေတဲ့ကောင်တွေနေမှာ သူ့ကို သေချာ စစ်လိုက်ရင် အရင်သူတို့ လုပ်ခဲ့တဲ့ အမှု တွေ ပေါ်လောက်မှာ´´လို့ ရပ်ကွက်နေပြည်သူတစ်ယောက်ကပြောပါတယ်။

ပြည်သူလူထုက ဖမ်းဆီးပေးခဲ့တဲ့ ဆိုင်ကယ် လုယက်သူအမျိုးသားဟာ ဒဏ်ရာတွေရရှိခဲ့ တာကြောင့် မဏီစလလူမှုကူညီရေးအသင်း ကလူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ၂၈ရက်နေ့ ည၈နာရီခွဲကလည်း အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နေရာအနီး ၄၂လမ်း နဲ့၈၂လမ်းဒေါင့်မှာ လူငယ်အမျိုးသားနှစ် ယောက်ကို ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်လု သွားခဲ့တာကြောင့် လူငယ်တစ်ယောက်သေ ဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *