မဟာအောင်မြေမြို့နယ်မှာ မီးလောင်မှုတစ်ခုဖြစ်ပွား

■မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၃၆လမ်း၊၆၆လမ်းနှင့် ၆၇လမ်းကြား၊ရေနီမြောင်းဘေးမှာ မတ်လ၇ရက် မွန်းလွဲ ၁နာရီခန့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီး ဌာနက သိရပါတယ်။

မီးလောင်မှုကြောင့် အဆောက်အဦးလိုင်းခန်းတစ်လုံး မီး လောင်ဆုံးရှုံးခဲ့ရတဲ့အပြင် လူတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မဟာအောင်မြေမြို့နယ်မီး သတ်စခန်းများက မီးသတ်ယာဉ်များ၊ရေသယ်ယာဥ်များနဲ့ လူမှုရေးအသင်းအဖွဲ့များက မောိတော်ယာဥ်များ ထွက်ခွာမီးငြှိမ်းသတ် ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *