မဟာအောင်မြမြို့နယ်မှာ အမည်မသိအမျိုး သားတစ်ယောက်ရုပ်အလောင်းတွေ့ရှိ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံ လျှပ်မှော်အနောက်ရပ်ကွက်၊ အကွက် အမှတ်(၃၇၉)၊ တောင်ငံပြာရည်ရပ်၊ ၄၁ လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေး(ကမ်းနားအောက်ဈေး)အလယ်ပေါက်က အလှကုန်ဆိုင်ရှေ့မှာ ဇွန်လ၇ရက် မ နက်၆နာရီခွဲက အမည်မသိအမျိုးသားတစ် ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေသွားတဲ့သူက ရပ်ကွက်ထဲက မဟုတ် လောက်ဘူး။ဓားဒဏ်ရာတွေအများကြီးနဲ့သေနေတာပါ။အသက်ကတော့၃၀ဝန်းကျင် လောက်ရှိပြီ။ခန္ဓာကိုယ်ပေါ်မှာတော့ တက်တူးတွေနဲ့´´လို့ရပ်ကွက်နေပြည်သူတစ်ယောက်က ပြောပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ၇ရက်နံနက်၆နာရီခွဲက မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော် အနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၇၉)၊ တောင်ငံပြာရည်ရပ်၊ ၄၁ လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေး(ကမ်းနား အောက်ဈေး)အလယ်ပေါက်က အလှကုန် ဆိုင်ရှေ့မှာ အမည်မသိအမျိုးသားတစ် ယောက် သေဆုံးနေတယ်လို့ သတင်းရရှိ တဲ့အတွက် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ ဦးခေါင်းနောက်စေ့ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ မေးစေ့ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာ မျက်ခုံး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲနားရွက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားထင်ပြတ် ရှ ဒဏ်ရာ ၁ ချက်၊ ယာပုခုံးပြတ်ရှဒဏ် ရာ ၁ ချက်တို့ သေဆုံးနေတာဖြစ်ပြီး ရုပ်အ လောင်းကို လူနာတင်ယာဉ်နဲ့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

Photo– MDY Image

Leave a Reply

Your email address will not be published. Required fields are marked *