မသင့်လျော်သောဝတ်စားဆင်ယင်မှုကို ၁၀နှစ်အထိ ထောင်ဒဏ်ချနိုင်တဲ့ ဟီဂျဘ်ဥပဒေကြမ်းကို အီရန်အစိုးရ အတည်ပြု

တီဟီရန်၊ စက်တင်ဘာ ၂၃

မာဆာ အမီနီ သေဆုံးခြင်း တစ်နှစ်ပြည့် ဆန္ဒပြပွဲတွေအပြီး မကြာတဲ့ ရက်ပိုင်းမှာပဲ အီရန်ပါလီမန်က ပြင်းထန်တဲ့ ပြစ်ဒဏ် တွေ ချမှတ်နိုင်တဲ့ဥပဒေသစ်တစ်ခုကို  အစမ်းကာလအနေနဲ့ အတည်ပြုလိုက်တယ်လို့ စက်တင်ဘာ ၂၃ နိုင်ငံတကာ သတင်း တွေမှာ ဖော်ပြထားပါတယ်။

အသက်၂၂ နှစ်အရွယ် ကာ့ဒ်-အီရန်အမျိုးသမီး အမီနီဟာ နိုင်ငံရဲ့ ရှေးရိုးအဝတ်အစား ဆင်ယင်မှုကို မလိုက်နာမှုနဲ့  ရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ခု စက်တင်ဘာလမှာ သေဆုံးသွားခဲ့ပါတယ်။

“hijab bill” လို့ခေါ်တဲ့ ဥပဒေရဲ့  သုံးနှစ်အစမ်းကာလကို ပါလီမန်က  အတည်ပြုလိုက်ပြီးတဲ့နောက် ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဥ်းစည်းကမ်း အမျိုးမျိုးကို ချမှတ်ထားပါတယ်။ဖောက်ဖျက်ခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ အဲ့ဒိဥပဒေမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေဟာ အများသူငှာလို ဟီဂျဘ် ကိုယ်ဖုံးရိုးရာအဝတ်ကို ကို မှန်ကန်စွာ မဝတ်ဘဲ  ရင်ဘတ်ထက်နိမ့်တာ ဒါမှမ ဟုတ် ခြေကျင်းဝတ်အထက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထင်ရှားပေါ်လွင်စေတဲ့ အဝတ်အစားတွေ  ၀တ်ဆင်ခဲ့ရင် ပြစ်မှု မြောက် တယ်လို့  ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ဥပဒေမူကြမ်းမှာ  လိုက်နာခြင်းမရှိတဲ့  နာမည်ကြီးတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုင်တဲ့ ပြစ်ဒဏ်တွေကိုလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။

အစ္စလာမ္မစ်သမ္မတနိုင်ငံမှာ  ဥပဒေပြုရေးကိစ္စရပ်တွေကို ကြီးကြပ်ရတဲ့ ဂါးဒီးယန်းကောင်စီကတော့ ဥပဒေကြမ်းကို အကောင်အထည်မဖော်မီ အတည်ပြုဖို့လိုသေးကြောင်း ပြောပါတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေ ကြမ်း အားလုံးကို လွှတ်တော်က ပြန်လည်သုံးသပ်ပြီး ဥပဒေဖြစ်လာအောင် အတည်ပြုရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖော်ပြထားတဲ့ စကားရပ်တွေမှာတော့ အဖော်အချွတ်၊ မဖွယ်မရာ ဟီဂျဘ် ဒါမှမဟုတ် မလျော်ကန်တဲ့ ၀တ်စားဆင်ယင် မှုတွေကို ကျယ်ပြန်စေတဲ့ ပြည်ပမီဒီယာတွေအပါအဝင် ပူးပေါင်းကြံစည်သူတွေလည်း ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင် တယ်လို့ ဥပဒေကြမ်းသစ်မှာ ဖော်ပြထားပါတယ်

 ဒါ့အပြင် ဟီဂျဘ်ကို လှောင်ပြောင်ခြင်း၊ စော်ကားခြင်းတွေအတွက် အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ရင် ဒဏ်ငွေအပြင် ခရီးသွား လာခွင့်ကို ၂ နှစ်အထိ ပိတ်ပင်နိုင်ကြောင်းကိုလည်း အဲ့ဒိ  ဥပဒေကြမ်းမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာအညွှန်း။ မြို့တော် တီဟီရန်မှာ သွားလာနေတဲ့ အီရန်အမျိုးသမီးနှစ်ယောက်ကို တွေ့ရပုံ

Feature Image Credit: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *