
မလေးရှား ၀န်ကြီးချုပ်ဟောင်းမဟိုက်ဒင် ယာဆင် ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့မှာ အဂတိတိုက်ဖျက်ရေးရုံးကို ရောက်လာစဥ်
Photo Credit: AFP/Arif Kartono
ကွာလာလမ်ပူ၊ မတ် ၉
ဒီနေ့ မတ်လ ၉ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟိုက်ဒင် ယာဆင်ကို မလေးရှားအဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က စွပ်စွဲထားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နေ့လည့် တစ်နာရီမှာ ထိန်းသိမ်း ထားလိုက်တယ်လို့ သိရ ပါတယ်။
နောက် တစ်နေ့ မတ်လ ၁၀ရက်မှာတော့ ကွာလာလမ်ပူတရားရုံးမှာ ရုံးထုတ်တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ဒိ့အတွက် လည်း ရှေ့နေချုပ်ဆီက အတည်ပြုချက် ရထားပြီဆိုတဲ့ အကြောင်းလည်း ထုတ်ပြန် ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း မဟိုက်ဒင်ဟာ သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်းဖြစ်တဲ့ ၂၀၂၀ခု မတ်လကနေ ၂၀၂၁ခု ဩဂုတ် ကာလ တွေ ထဲ မှာ မလျှော်ဩဇာသုံးခဲ့တဲ့အမှု အပါအဝင် ငွေကြေးဆိုင်ရာ ကိစ္စတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဖို့ ထိန်း သိမ်း ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
စွပ်စွဲခံရတဲ့ အကြောင်းက Jana Wibawa လို့ ခေါ်တဲ့ ကိုဗစ်-၁၉ ကာလ မှာ အကောင်အထည်ဖော်ခဲ့တဲ့ စီးပွားရေး ဆိုင်ရာ လှုံဆော်ရေး ပရောဂျက်တစ်ခုနဲ့ ပတ်သက်တဲ့ ငွေကြေးအရှုပ်တော်ပုံ တစ်ခုကြောင့်လို့ တာဝန်ရှိသူတွေက ဖော်ပြပြော ဆိုပါ တယ်။
ဆိုခဲ့တဲ့ ပြန်လည်ထူထောင်ရေးအပါအဝင် ကိုဗစ်ကာကွယ်ရေးအစီစဉ်တွေနဲ့ပတ်သက်ပြီး မဟိုက်ဒင်ရဲ့ ပါတီဖြစ် တဲ့ Parti Pribumi Bersatu Malaysia (Bersatu)ရဲ့ ဘဏ်အကောင့်ထဲကို ပရောဂျက်အတွက် ပံ့ပိုးတဲ့ စီးပွားရေး သမားတွေက အမေရိကန်ဒေါ်လာ၆၇ ဒသမ၆၉ သန်းနဲ့ ညီမျှတဲ့မလေးရှားငွေတွေ ထည့်သွင်းပေးခဲ့တယ်လို့ အဂတိက အဖွဲ့တွေက ပြော ဆိုထားတယ်လို့လည်း သိရပါတယ်။
Ref: CNA
- မဟိုက်ဒင် ယာဆင်ရဲ့ ကိုယ်ရေးအကျဥ်း
၁၉၄၇ မေ ၁၅ရက် မလေးရှားတောင်ပိုင်း ဂျိုဟိုးပြည်နယ်မျာ မွေးဖွားခဲ့။
၁၉၇၁ခုနှစ်မှာ မလေးရှားတက္ကသိုလ်ကနေ့ စီပွားရေးအထူးပြု့ဘွဲ BA( Economic)ဘွဲ့ ရရှိခဲ့။
၁၉၇၂မှာ အိမ်ထောင်ပြုပြီး သာသမီး လေးယောက်ထွန်းကားခဲ့။
၁၉၇၈ခုမှာ ပါလီမန်အမတ်အဖြစ်ရွေးချယ်ခံခဲ့ရ။
၂၀၀၈ခုနှစ်မှာ နိုင်ငံတကာကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး တာဝန်ပေးအပ်ခံရ။
၂၀၂၀ မတ်လ ကနေ ၂၀၂၁ဩဂုတ်လအထိ ဝန်ကြီးချုပ်ရာထူးတာဝန် ၁၇ လကြာ တာဝန်ထမ်းဆောင်ခဲ့။
၂၀၂၃ခုနှစ်မှာတော့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု နဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရ။