မလေးရှားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီက ဘဏ္ဍာရေးဝန်ကြီးဟောင်း ဒိမ်း ဇင်နူဒင်ကို ဖမ်းဆီး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၂

မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီက ဘဏ္ဍာရေးဝန်ကြီးဟောင်း ဒိမ်း ဇင်နူဒင်ကို ဒီဇင်ဘာ၂၁ရက် က ဖမ်းဆီးလိုက်ပြီး သူနဲ့ သူ့မိသားစုပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ စီးပွားရေးဆိုင်ရာ  အထင်ကရ အ ဆောက်အအုံ Ilham Tower ကို ပါ သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

ဒေါက်တာ မဟာသီယာ မိုဟာမက်ရဲ့  ဝန်ကြီးချုပ်ရာထူး သက်တမ်း နှစ်ခုအတောအတွင်း  ကြီးမားတဲ့ အာဏာရထားတဲ့ မစ္စတာ ဒိမ်း ဟာ အကျင့်ဖက်ခြစားမှုတွေနဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခု့လို အရေးယူခံရတာ ဖြစ်တယ် လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက CNA ကို ပြောပါတယ်။

မစ္စတာ ဒိမ်းကို  ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှု တစ်ခုက ၂၀၂၃ခု မေလနှောင်းပိုင်းမှာ စခဲ့ပြီးတဲ့နောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု တွေ ဖြစ်လာခဲ့တာပါ။

စစ်ဆေးမှု တစ်စိတ်တစ်ပိုင်း အရ ၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာ လူသိရှင်ကြားစာရင်းသွင်းထားတဲ့ Renong Bhd နဲ့ United Engineers Malaysia Bhd (UEM) စတာတွေ ပါဝင်သော ကော်ပိုရိတ်ငွေပေးငွေယူတန်ဖိုး မလေးရှားငွေ ၂ ဒသမ ၃ ဘီလီ ယံ ( အမေရိကန်ဒေါ်လာ သန်း၅၀၀) ပြဿနာက စပြီး အခြေခံခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဆီ  မှတ်ချက်ပေးဖို့ စီအန်အေ က ဆက်သွယ်ပေမယ့် မရခဲ့သလို ဝါရင့်အမျိုးသားရေးပါတီ UMNOရဲ့ ဘဏ္ဍာရေးမှူးအဖြစ် ၁၉၈၄ခုနှစ်ကနေ ၂၀၀၁  ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဒိမ်း ဖမ်းဆီးခံရတာ အတွက် ကာယကံရှင်ဘက်ကလည်း ဘာမှတ်ချက်မှ ထပ်မရနိုင်သေးဘူးလို့လည်း သိရပါတယ်။

Ref: CNA

ပုံစာ။ အဖမ်းခံလိုက်ရတဲ့ မစ္စတာ ဒိမ်း

Feature Image Credit: CNA

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *