မလေးရှားနိုင်ငံ ကွာလာလမ်ဘူမြို့က Taman Semarak နယ်မြေထဲ ပြီးခဲ့တဲ့စက်တင်ဘာ၁၆ရက်က မလေးရှားလ၀ကနဲ့ နယ်မြေခံရဲတွေပူးပေါင်းပြီး မြန်မာလုပ်သားတွေကို စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ New Straits Time သတင်းမှာ ဖော်ပြပါတယ်။
သတင်းထဲ အထောက်အထားမဲ့တွေအပါအဝင် မြန်မာ ၉၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ဆိုပြီး ဒီနေရာကို ပြည့်တန်ဆာလုပ်ငန်းတွေလုပ်နေတာတွေ၊ညလုံးပေါက်ကာရာအိုခေတွေရှိတယ်လို့ တိုင်ကြားချက်ရှိလို့ ဝင်ဖမ်းတဲ့အကြောင်း စစ်ဆင်ရေးဦးဆောင်သူ ရဲအရာရှိ Datuk Ahmad Dzaffir ကပြောတယ်လို့ New Straits Time ကဆိုပါတယ်။
မလေးသတင်းတွေမှာလည်း တရားမဝင်လိင်ဖျော်ဖြေရေးလုပ်ငန်းတွေပါ ရှိနေလို့ရေးသား ဖေါ်ပြနေကြတာတွေ့ရပါတယ်။
မလေးရောက်မြန်မာအချို့ကတော့ ဖမ်းခံရတာတွေထဲ လုံခြုံရေးအပေါက်စောင့်မြန်မာတွေပါတယ်လို့ ပြောကြပါတယ်။
“မလေးရှားက ဘယ်လောက်တွေဝင်ငွေကောင်းရနေလို့ မြန်မာတွေက အားအားတိုင်းသွားနေရမှာလဲ။စဉ်းစားကြည့်ပါ”လို့မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
ရင်းမြစ်-New Straits Time