မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ အပါအဝင် အဖွဲ့ဝင် ၁၃ ဦး ပဝမ်  နိုင်ငံရေး ပါတီကနေ နုတ်ထွက်

ပါတီကနေ နုတ်ထွက်ခဲကြတဲ့ ဒေါက်တာ မဟာသီနဲ့ အဖွဲဝင်တချို့ ကို တွေရပုံ
Photo Credit: Facebook

ကွာလာလမ်ပူ၊ ဖေဖေါ်ဝါရီ ၁၀

ဝန်ကြီးချုပ်ရာထူး သက်တမ်းနှစ်ကြိမ် အထိ တာဝန်ယူခဲ့ဘူးတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ သူတည်ထောင်ခဲ့တဲ့ ပဝမ်ပါတီ (Parti Pejuang Tanah Air) နဲ့ လမ်းခွဲလိုက်ပြီ ဆိုတဲ့အကြောင်း သောကြာနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) မှာ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါက်တာ မဟာသီနဲ့ အခြားအဖွဲ့ဝင်၁၂ ဦး ပဝမ်ပါတီကနေ ထွက်ခွာရတဲ့ အကြောင်းရင်းက Gerakan Tanah Air (GTA) ညွန့်ပေါင်းအဖွဲ့နဲ့ အဆက်အသွယ်ဖြတ်ဖို့  ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ထွက်ခွာကြတာပါလို့ ပဝမ်ပါဝီ အထွေထွေ အတွင်း ရေးမှူး အမီရူဒင် ဟမ်းဇတ် ဆီကို ပို့လိုက်တဲ့ အကြောင်းကြားစာမှာ ဖော်ပြ ထားပါတယ်။

GTA ညွှန်ပေါင်းအဖွဲ့ကို ၂၀၂၂ ဩဂုတ်လက ဒေါက်တာမဟာသီ  ဦးဆောင်ပြီး ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဆက်ပြီး တော့လည်း GTA ပလက်ဖောင်းမှာ ရုန်းကန်ဖို့ ရည်ရွယ်ထားတာမို့ ပါတီကနေ နှုတ်ထွက်ခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့ရည်ရွယ်တာက  GTA ရဲ့ ပန်းတိုင်ဟာ မလေးပါတီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဘာသာရေး၊ လူမျိုးနဲ့ နိုင်ငံကို ကာကွယ်ဖို့ ရုန်းကန်မှုကို အခြေခံပြီး လိုက်နာတဲ့ ပုဂ္ဂိုလ်တွေကို စုစည်းဖို့ ဖြစ်ပါတယ်။

“အဲ့ဒိ အခြေခံမူနဲ့ ကျနော်တို့ဟာ  GTA ကနေတဆင့် ရုန်းကန်မှုတွေ ဆက်လုပ်ဖို့ ဆိုတဲ့ လမ်းကိုပဲ ရွေးခဲ့ကြ တာပါ” လို့ ပါတီကနုတ်ထွက်ခဲ့တဲ့ ၁၃ဦး လက်မှတ်ရေးထိုးထားတဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်ရဲ့ သဘောထားတွေကိုတော့ အဆိုပါ ထုတ်ပြန်ချက်ကို  လက်မှတ်ရေးထိုးတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ လက်ထောက်သမ္မတဟောင်း မာဇူကိ ယာယာ က ဖေ့ဘွတ်ခ်မှာ  ပြီးခဲ့တဲ့ သောကြာနေ့ တင်ခဲ့ပါတယ်။

ပဝမ်ပါတီကို ၂၀၂၀ခုနှစ်   သြဂုတ်လမှာ ဒေါက်တာမဟာသီက တည်ထောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်၂၀၂၂ ဒီဇင်ဘာ မှာတော့ ဥက္ကဌအဖြစ်ကနေ နူတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Ref: can

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က  ကွာလာလမ်ပူမြို့ လူထုစုဝေးပွဲကို တက်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်
Photo credit : AP/Vincent Thian
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *