မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦး စိတ်ဖောသွပ်ကာမိမိကိုယ်ကို ဓားဖြင့်ထိုး၍ သေကြောင်းကြံခဲ့ကြောင်းမြန်မာလူမူကူညီရေးအသင်း (မလေးရှား)က သိရသည်။
ယင်းမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘလက်ကောင်းမြို့နယ် တွင်နေထိုင်သော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင်နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုသန်းနိုင်ထွန်း ဆိုသူဖြစ်ကြောင်း သိရသည်။
“မနေ့ကမေလ ၂၅ ရက်နေ့က စိတ်ဖောသွပ်ပြီးမိမိကိုယ်ကို ဓားနဲ့ထိုးပြီးသတ်သေတာကို (CCTV) မှတ်တမ်းမှာ ကြည့်ပြီး သိခဲ့ကြရတာ”ဟု ကိုသန်းနိုင်ထွန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
သေဆုံးခဲ့သောရုပ်အလောင်းကို မေလ ၂၈ ရက်တွင်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချဲရပ်မြို့နယ် ဂျလန်ကွာလီ မီးသဂြိုလ်စက်၌ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
Visited 1 times, 1 visit(s) today