ကွာလာလမ်ပူ၊ ဧပြီ ၂၃
မလေးရှားရေတပ်စခန်းတစ်ခုမှာ အင်္ဂါနေ့ ဧပြီ ၂၃ ရက်က နှစ် ၉၀ ပြည့် မလေးရှားရေတပ်နေ့ စစ်ရေးပြလေ့ကျင့်ရေးအခမ်းအနား လုပ်နေချိန် စစ်ရေးပြ ရေတပ်ရဟတ်ယာဉ်နှစ်စင်း အချင်းချင်း တိုက်မိပြီး လိုက်ပါလာတဲ့ မလေးရှားစစ်သား ၁၀ဦး သေဆုံးခဲတယ်လို့ သိရပါတယ်။
HOM ရေကြောင်းစစ်ဆင်ရေးရဟတ်ယာဉ်နဲ့ Fennec ရဟတ်ယာဉ်တစ်စင်း တို့ တိုက်မိခဲ့တာ ဖြစ်ပြီး နံနက် ၉ နာရီ ၃၂ မိနစ်မှာ ပျက်ကျခဲ့တဲ့ အကြောင်း တော်ဝင်မလေးရှားရေတပ် (RMN) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေတပ်ကပေးပို့တဲ့ သတင်းစကားအရ ရဟတ်ယာဉ်တွေဟာ တိုက်မိအပြီး HOM ရဟတ်ယာဉ်က အားကစားကွင်းတစ်ခုရဲ့ လှေကားပေါ်ကို ပျက်ကျခဲ့ပြီး Fennec ရဟတ်ယာဉ်ကတော့ ရေကန်တစ်ခုထဲကို ပျက်ကျခဲ့တယ်လို့ CAN သတင်းမှာ ဖော်ပြထားပါတယ်။
“သေဆုံးသူအားလုံး အခင်းဖြစ်ပွားရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားကြောင်း အတည်ပြုပြီး ဖော်ထုတ်ရေးလုပ်ငန်းစဉ်အတွက် ရေတပ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်” ဆိုတဲ့ အကြောင်း ရေတပ်တာဝန်ရှိသူက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CAN
ပုံစာ။ ပျက်ကျခ့တဲ့ ရဟတ်ယာဉ် တစ်စီးကို တွေ့ရပုံ
Feature Image Credit: Housing and Local Government Ministry Malaysia



