မလေးရှားမှာ ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ဖြစ်  ရဲတပ်ဖွဲ့ဝင် ၂ ဦး သေ

ဂျိုဟိုး၊ မေ ၁၇

မလေးရှားနိုင်ငံ ဂျိုဟိုးက ရဲစခန်းကို ဒီနေ့ မေလ ၁၇ရက် မနက် ၂နာရီကျော်အချိန်မှာ လက်နက်ကိုင်တစ်ယောက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲ နှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ပစ်သတ်ခံခဲ့ရတဲ့ တိုက်ခိုက်သူဟာ အကြမ်းဖက်အဖွဲ့ Jemaah Islamiyah အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။ ဒီနောက်တော့ ဂျိုဟိုးမှာ သံသယရှိသူ JI အဖွဲ့ဝင် ၂၀ ကျော်ကို နယ်မြေခံရဲတွေက ခြေရာခံလိုက်ပြီး တိုက်ခိုက်သူရဲ့ မိသားစုအပါအဝင် လူခုနစ်ယောက်ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဂျိဟိုးမြို့ ဆင်ခြေဖုံးက  ရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်မှုမှာ ပတ်သက်တယ်လို့ သံသယရှိတဲ့သူ လူ ၂၀ ကျော်ကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုက မနက် ၂ နာရီ ၃၀ ဝန်းကျင်အချိန်မှာ ဖြစ်ပြီး  တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ထဲက တစ်ယောက်က အရင်သေဆုံးပြီး နောက်တစ်ယောက်က ထပ်ဆင့် တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အူတီရမ်မြိုဟာ မြို့တော်ဂျိုဟိုးကနေ ကီလို မီတာ ၂၀လောက်ပဲကွာဝေးတာ ဖြစ်ပါတယ်။

အဲဒိနေရာဟာ စင်ကာပူနိုင်ငံသားတွေကြား ရေပန်းစားတဲ့  ဈေးဝယ်နေရာဖြစ်တဲ့ မောင့် အော်စတင် နဲ့လည်း အတော်ကို နီးကပ်တယ်လို့ သိရပါတယ်။

ရဲစခန်းအပြင်ဘက် သတင်းစာရှင်းလင်းပွဲမှာတော့  မလေးရှားရဲချုပ် ရာဇရူဒင် ဟူစိန်  က တရားခံဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားဟာ ပါရာဂါ လက်နက်ကိုင်ပြီး ရဲဌာနထဲကို  ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

” သေနတ်သမားက ပြင်ဆင်မှုတွေလုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်၊ သူအသုံးပြုနေတဲ့ အိတ်ကို သွပ်ပြားနဲ့ တခြားပစ္စည်းတွေနဲ့ ကပ်ထားတာပြီး  ရဲတွေနဲ့ ပစ်ခတ်မှုအတွင်း ဒိုင်းအကာအဖြစ် အသုံးပြုခဲ့တာပါ” လို့လည်း ရဲချုပ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: CNA/am(ws)

ပုံစာ။ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ ရဲချုပ် ရာဇရူဒင် ဟူစိန်

Feature Image Credit: CNA/Zamzahuri Abas

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *