မလေးရှားနိုင်ငံ၊ဘာတာဝပ်မြို့က ကလပ်တစ်ခုမှာ ဇန် နဝါရီလ၁၃ရက် မလေးစံတော်ချိန်ည၁၂နာရီက မြန်မာ နိုင်ငံက Sexyမော်ဒယ် ဖူးပွင့်ခိုင်နဲ့သရုပ်ဆောင်အေမီစျာန်တို့ဟာ မွေးနေ့ပွဲကျင်းပနေချိန် မလေးရှားရဲက ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတယ်လို့ မလေးရှားရောက်မြန် မာအသိုင်းအဝိုင်းက သိရပါတယ်။



Sexyမော်ဒယ် ဖူးပွင့်ခိုင်ဟာ သူ့ရဲ့အသက်၂၆နှစ်ပြည့်မွေး နေ့ကို မလေးရှားနိုင်ငံ၊ဘာတာဝပ်မြို့က ကလပ်တစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး မလေးရှားရောက် မြန်မာလူမျိုး ၂၀၀ကျော်ဟာလည်း တစ်ဦးကို မလေးရှားရင်းဂစ်၈၀ ဝင် ကြေးပေးပြီး လာရောက်ကြည့်ရှုကြရာမှာ တိုင်ကြားသူရှိတာကြောင့် ဖူးပွင့်ခိုင်နဲ့အေမီစျာန်တို့အပါအဝင် မြန်မာလူ မျိုး၂၀၀ကျော်ဟာ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။


မြန်မာစံတော်ချိန် ဇန်နဝါရီ၁၄ရက်နေ့ နေ့လယ်ပိုင်းအ ထိ ဖူးပွင့်ခိုင်နဲ့အေမီစျာန်တို့ဟာ ပြန်မလွတ်ကြသေးပေမယ့် မလေးရှားသူဌေးတချို့ရဲ့ အာမခံပေးတဲ့ မြန်မာတချို့က တော့ ပြန်လွတ်နေပြီလို့လည်း သိရပါတယ်။



