မလေးရှားနိုင်ငံ၊ပီနန်ပြည်နယ်၊ဘာတာဝပ်မြို့က Royce Luxury Night Clubမှာ မွေးနေ့ပွဲရှိုးပွဲကျနေချိန် တိုင်တန်းမှုတစ်ခုကြောင့် မလေးရှားရဲက ဝင်ရောက်ဖမ်းဆီးရာမှာ အဖမ်းခံခဲ့ရတဲ့ သရုပ်ဆောင်အ ဆိုတော် အေမီစျာန်နဲ့sexy မော်ဒယ်ဖူးပွင့်ခိုင်တို့နှစ်ဦးအနက် အေမီစျာန်ဟာ ဇန်နဝါရီလ၂၃ရက် ပြန်လွတ်လာပြီလို့ မလေးရှားရောက် မြန်မာအသိုင်းက သိရပါတယ်။
သရုပ်ဆောင်အဆိုတော် အေမီစျာန်နဲ့အတူ ၃ယောက်ပြန်လွတ်လာတာဖြစ်ပြီး လွတ်လာသူတွေကို ကွာလာလမ်ပူမြို့ကို ပြန်ပို့ပေးလိုက်တယ်လို့လည်း သိရပါတယ်။
အေမီစျာန်နဲ့sexy မော်ဒယ်ဖူးပွင့်ခိုင်တို့ကို ဇန်နဝါရီလ ၁၃ရက်က မလေးရှားရဲက ဖမ်းဆီးထိန်းသိမ်းထားတာလို့ သိ ရပါတယ်။
Visited 28 times, 1 visit(s) today



