မလေးရှားမှာ ပိန္နဲသီးတက်ခူးရာကနေ အမျိုးသားတစ်ယောက်ပြုတ်ကျသေဆုံး

သေဆုံးသွားသူအမျိုးသားဟာ ပဲခူးတိုင်း ဒေသကြီး၊ပဲခူးမြို့နယ်၊အင်းတကော်မှာ နေ တဲ့အသက်၂၉နှစ်အ ရွယ်ရှိကိုမင်းမင်းဦး ဆိုသူဖြစ်ပြီး သူဟာ အလုပ်နားရက်တွေမှာ လမ်းဘေးသစ်ပင်တွေပေါ်က သစ်သီးတွေ ခူးဆွတ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်ပေးလေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ၊ချဲရတ်မြို့၊ယူလစ်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက် ပိန္နဲသီးတက်ခူး ရာကနေပြုတ်ကျပြီး သေဆုံးသွားခဲ့တဲ့အတွက် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင် အဖွဲ့(ကွာလာလမ်ပူ-မလေးရှား )က ဇွန်လ ၂၅ရက် နေ့လယ်၁၂နာရီ ကွာလာလမ်ပူ-ချဲရတ်သုဿန်ကို ပို့ဆောင်သဂြိုလ်ပေးခဲ့တယ် လို့ သိရပါတယ်။

ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ်ကလည်း ကိုမင်း မင်းဦးဟာမှာ ပေါက်နေတဲ့ ပိန္နဲသီးပင်ပေါ် ကို တက်ပြီး ပိန္နဲသီးတက်ခူးရာကနေ လမ်း ဘေးမြောင်း မတော်တဆပြုတ်ကျခဲ့ရပြီး ဦးခေါင်းအားထိခိုက်ကာ သွေးထွက်လွန်ပြီး သတိမေ့နေခဲ့ရာ ဆေးရုံကိုရောက်မှ ကွယ် လွန်သွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *