ကွာလာလမ်ပူ၊ မေ ၃၀
လာမယ့် ဇွန်လ ၂၂ရက်နေ့ မနက် ၁၀နာရီ အချိန်မှာတော့ မလေးရှားနိုင်ငံရဲ့ ပထမဆုံး Apple Store ကို ကွာလာလမ်ပူမြို့က Exchane TRX ကုန်တိုက်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
ဒီသတင်းကိုတော့ အက်ပဲလ် ကုမ္ပဏီကြီးက သူ့ ၀က်ဘ်ဆိုက်မှာ ဗုဒ္ဓဟူးနေ့ (မေလ ၂၉) ရက်နေ့ က ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။
ဝဘ်ဆိုဒ်ပေါ်က မက်ဆေ့ချ်မှာ “မလေးရှားမှာ ကျွန်တော်တို့ရဲ့ ပထမဆုံး Apple Store ဖွင့်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မင်းနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူး။ “ ဆိုပြီး ရေးထားပါတယ်။ ဒါ့အပြင် ဆိုင်လိပ်စာကိုလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။
အရင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလမှာ ကတည်းက ဖွင့်ဖို့ လုပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ကျန့်ကြာနေခဲ့တာလိုလည်း ဆိုပါတယ်။
Exchange TRX ရဲ့ အထွေထွေမန်နေဂျာ ဖြစ်တဲ့ ထရီဗာ ဟေးလ်းကလည်း သူ့ရဲ့ LinkedIn စာမျက်နှာမှာ စတိုးဆိုင်ရဲ့ ပုံတွေကို ဖော်ပြထားတာ ကိုလည်း တွေ့ရတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ မလေးရှားမှာ ဖွင့်မယ့် Apple Store
Feature Image Credit: LinkedIn/Trevor Hill



