ကွာလာလမ်ပူ၊ ဇူလိုင် ၁၈
မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့တဲ့ အသက် ၉၉နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မဟာသီယာဟာ ဆက်တိုက်ချောင်းဆိုးတဲ့ ဝေဒနာကြောင့် ဇူလိုင် ၁၈ရက် ကြာသပတေးနေ့မှာ ဆေးရုံတက်ကာ ကုသမှု ခံနေရတယ်လို့ သိရပါတယ်။
မဟာသီယာက ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ခုနှစ်၊ ၂၀၁၈ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ ၂၄နှစ်တိုင်တိုင် မလေးရှာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တစ်ယောက်လည်း ဖြစ်ပါတယ်။
နှစ်ကြိမ်တိုင် ဝန်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့တဲ့ မဟာသီယာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ရက်နေ့က အသက် ၉၉ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
မကြာသေးတဲ့ နှစ်တွေတုန်ကလည်း နှလုံးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ခွဲစိတ်ကုသတာတွေ ခဏခဏ လုပ်ခဲ့ရပါတယ်။
၂၀၂၄နှစဇန်နဝါရီလတုန်းကလည်း နှလုံးပြသနာကြောင့် သုံးလလောက် ဆေးရုံတက်ခဲ့ရပါတယ်။
သူသည် ယခုနှစ်အစောပိုင်းတွင် ဆေးရုံ၌ သုံးလနီးပါး နေထိုင်ခဲ့ရသည်။
သူ နောက်ဆုံး ဝန်ကြီးချုပ် သတမ်တမ်း ထမ်းဆောင်ခဲ့တဲ့ အချိန်ကဆို အသက် ၉၂နှစ်ရှိနေပြီလို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်
Feature Image Credit: MEM



