၂၆ စက်တင်ဘာ၊၂၀၂၃
မလေးရှားနိုင်ငံ လုပ်ငန်းခွင်အတွင်း စက်တင်ဘာလ ၂၄ ရက်က မြန်မာတစ်ဦး အက်ဆီးဒင့်ဖြင့် သေဆုံးခဲ့ကြောင်း ကပုန်းမြို့ မြန်မာလူမူကူညီရေးအသင်း (မလေးရှား)က သိရသည်။
ယင်းမြန်မာနိုင်ငံသားမှာ မလေးရှားနိုင်ငံ နဂရီဆင်ပီလန်းခရိုင် ဆရင်ဗန်းမြို့တွင်နေထိုင်သော အသက် (၃၀)အရွယ် မောင်ထူးအောင် ဖြစ်ပြီး လုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေချိန်တွင် အက်ဆီးဒင့်ဖြစ်သောကြောင့် ဆရင်ဗန်းမြို့ဆေးရုံကြီးတွင် ဆေးကုသနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်ထူးအောင်သည် မြန်မာနိုင်ငံ ၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ် လင်းဝန်းကျေးရွာ ဇာတိ ဖြစ်ကြောင်း သိရသည်။
ယင်း၏ ကျန်ရစ်သော ရုပ်အလောင်းကို စက်တင်ဘာလ ၂၈ ရက် နံနက်(၁၀) နာရီတွင် မလေးရှားနိုင်ငံ ဆရင်ဗန်းမြို့ ၊ ဟိန္ဒြူသုဿန်၌ မီးသဂြိုလ်စက်၌ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
Visited 5 times, 1 visit(s) today