မလေးရှားနိုင်ငံ ပီနန်မြို့ အပန်းဖြေစခန်းမှာ  ကားပေါ်ကို သစ်ပင်ကြီး လဲကျခဲ့လို့  တရုတ် ခရီးသွားနှစ်ယောက် သေဆုံး

ပီနန်၊ စက်တင်ဘာ ၁၈

ပီနန်မြို့က ခရီးသွားတွေ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုမှာ  ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၈ ရက်) က တရုတ်ခရီးသွားဧည်သည် နှစ်ယောက်လိုက်လာတဲ့  ကားပေါ်ကို သစ်ပင်တစ်ပင်က အမြစ်ကနေ ကျွတ်ပြီး ပိကျခဲ့တာမို့  ခရီးသွားနှစ်ယောက်လုံး  သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ပွားချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ သေဆုံးသွားတဲ့  သူနှစ်ယောက်ဟာ ဂျော့ချ်တောင်းက  Pinang Peranakan စံအိမ်ကို သွားရောက်လည်ပတ်နေတုန်း အခုလို ကြုံခဲ့ရတာလို့ သိရပါတယ်။

Free Malaysia Today (FMT) မီဒီယာရဲ့  အဆိုအရ ခရီးသွား အမျိုးသမီးက ရှေ့ ထိုင်ခုံမှာ ထိုင်နေပြီးအမျိုးသားက နောက်ဘက်ခုံမှာ ထိုင်နေချိန်လို သိရပါတယ်။ ကားကို ဒေသခံအမျိုးသားယာဉ်မောင်းက မောင်းလာတာ ဖြစ်ပြီး သူကတော့ အသက်ဘေးက လွတ်ခဲ့တယ်လို့ ပြောပါတယ်။

ပီနန်မီးသတ်နဲ့  ကယ်ဆယ်ရေးဌာနက ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဆာဖစ် အက်ဇမန် ရဲ့ ပြောပြချက်အရ  သေဆုံးသူတွေဟာ အသက် ၃၀ အရွယ် အမျိုးသမီးနဲ့ အသက် ၅၀ ကျော် အမျိုးသားတို့ ဖြစ်တဲ့ အကြောင်း သိရပါတယ်။

Ref: CNA

ပုံစာ။ ကားပေါ်ကို သစ်ပင် ပိကျနေပုံ

Feature Image Credit: Facebook/Penang Kini

Visited 72 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *