မလေးရှားနိုင်ငံ ဆာဘတ် ကို လာမယ့် တရုတ်နိုင်ငံက ခရီးသွားတွေအတွက် တင်းကျပ်တဲ့ ဝင်ခွင့်စည်းကမ်းတွေ ထုတ်ပြန်

မလေးရှားရောက် တရုတ်ခရီးသွားတချို့
Photo Credit: Shutterstock

ကိုတာ ကင်နာဘာတူ(ဆာဘတ်)၊ ဇန်နဝါရီ ၅

မလေးရှားနိုင်ငံ ဆာဘတ်ဒေသကကို လာရောက်ကြမယ့်တရုတ်နိုင်ငံက ခရီးသွားအားလုံး အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးတဲ့ အထောက်အထားပြရမှာဖြစ်သလို ၄၈ နာရီအတွင်း  စစ်ဆေးထားတဲ့ ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက် ပါ တင်ပြရမယ်လို့ မလေးရှားဘက်က  ထုတ်ပြန်လိုက်ပါတယ်။

ဖော်ပြပါစည်းမျဉ်းစည်းကမ်းတွေဟာ  ၂၀၂၃ ဇန်နဝါရီ ၈ ရက် တနင်္ဂနွေ ကစတင် အသက်ဝင်မယ်လို့လည်း သိရပါတယ်။

ဆာဘတ်ရဲ့  ကိုဗစ်ရောဂါဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ကိုဗစ်-၁၉စမ်းသပ်မှုဟာ  RT-PCR ဒါမှမဟုတ် RTK-Ag အစရှိတဲ့ ကမ္ဘာ့အဆင့်မီစမ်းသပ်မှုဖြစ်ရမယ် လို့ ဆိုပါတယ်။

ဒါ့အပြင်နိုင်ငံရပ်ခြားကနေ ဆာဘတ်ကိုရောက်လာတဲ့ခရီးသည် အားလုံးကို စကင်နာစနစ်နဲ့ စစ်ဆေးမှာဖြစ်ပြီး အဖျားရောဂါလက္ခဏာရှိသူတွေ အနေနဲ့ကလည်း ထပ်ပြီး စစ်ဆေးမှုခံယူရမယ့်အကြောင်း ဆာဘတ် ပြည်နယ် အစိုးရ တာဝန်ရှိသူ မစ္စတာ မာစီဒီ  က ပြောပါတယ်။

အခုသီတင်းတစ်ပတ်ထဲမှာကိုပဲ ဆာဘတ်မှာ  ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁၂ ခုရှိတယ်လို့ သိရပါတယ်။ အရင် လူနာဟောင်း ၁၃၈ ဦးထဲကမှ  လူနာ ၂၃ဦးကတော့  ပြန်ကောင်းလာခဲ့ပြီး လူနာ ၁၀ဦးက အသက်အန္တရာယ် စိုးရိမ်ရလို့ ကုသမှု ခံယူနေရဆဲလို့ ဆိုပါတယ်။

ဆာဘတ်ဟာ  ခရီးသွားလုပ်ငန်းပေါ်ကနေရတဲ့ ၀င်ငွေနဲ့ပတ်သက်လာရင် တရုတ်ဧည့်သည်တွေအပေါ် အလွန်အမင်း မှီခိုနေရတာ ဖြစ်ပြီး မကြာတော့မယ့် ရက်သတ္တပတ်တွေမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရမှု မြင့်တက်နေတဲ့ တရုတ်နိုင်ငံကလာတဲ့ ခရီးသွားတွေ ဝင်ရောက်လာမှာကိုလည်း တစ်ဖက်က မျှော်လင့်နေ ရတာမျိုး ဖြစ်နေပြန်ပါတယ်။

 မလေးရှားနိုင်ငံ က ဆာဘတ်နဲ့ ဆာရာဝပ် ပြည်နယ်တွေဟာ  လူဝင်မှုကြီးကြပ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရထားတဲ့ ပြည်နယ်တွေလည်း ဖြစ်ပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှု မြင့်တက်လာတာကို  တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေရ ပြန်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ အစီအမံတွေ ဖြေလျှော့ပြီးတဲ့နောက်၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့ ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက  တရုတ်နိုင်ငံက ခရီးသွားတွေ အားလုံး သက်ဆိုင်ရာနိုင်ငံတွေထဲကို မဝင်ရောက်မီ ရောဂါပိုးမရှိကြောင်း စစ်ဆေးချက်လုပ်ဖို့ တောင်းဆိုထားကြ တယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

Your email address will not be published. Required fields are marked *