မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်က လူစည်ကားရာနေရာမှာ မြေကျွံကျ

ပြုတ်ကျခဲ့တဲ့အမျိုးသမီးကို ဒီနေ့ထိ ရှာမတွေ့သေး

ကွာလာလမ်ပူ၊ ဩဂုတ် ၂၈

ဩဂုတ်လ ၂၃ရက် မနက်အစောပိုင်းက ကွာလမ်ပူမြို့လယ်က ဂျလန် မတ်စဂျစ် အင်န္ဒိယ လို့ခေါ်တဲ့ လူစည်ကားရာ အရပ်မှာ မမျှော်လင့်ပဲ မြေကျွံကျခဲပါတယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံက  အသက် ၄၈နှစ်အရွယ် မစ္စ ဗဂျိုင်ရလတ်ချူမီ ဆိုတဲ့ ခရီးသွားအမျိုးသမီးတစ်ယောက်ပါ မြေကျွံပေါက်ထဲကို ပြုတ်ကျခဲ့ပါတယ်။  

ထူးခြားချက်အနေနဲ့ ကျွံဝင်သွားတဲ့‌နေရာမှာ လှိုင်ခေါင်းပေါက်ကြီးတစ်ခုက ရှိနေပြီး ပြုတ်ကျခဲ့တဲ့ အမျိုးသမီးက  လှိုင်ခေါင်းပေါက်ကြီးထဲကို ကျသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲတွေက ယုံကြည်နေပြီး ကယ်တင်ဖို့ ကြိုးစားနေပေမယ့်ငါးရက်မြောက်လာတဲ့ အထိ ရှာမတွေဘဲ အမျိုးသမီးက ထူးဆန်းစွာ ပျောက်ဆုံးနေဆဲပါလို့ ကယ်ဆယ်ရေးအဖွဲ တာဝန်ရှိသူက ပြောပါတယ်။

အခင်းဖြစ်နေရာက လူစည်ကားတဲ့ နေရာဖြစ်ပြီး ငွေလဲကောင်တာတွေ၊ စားသောက်ဆိုင်တွေ ရွှေဆိုင်တွေနဲ့ အမြဲစည်ကားနေသလို ခရီးသွားတွေ လာပြီး လည်ပတ်လေ့ရှိတဲ့နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

မြေကျွံကျတဲ့ စီစီတီဗီကို  ကြည့်ခဲ့ရတဲ့ ငွေလဲကောင်တာမှာ အလုပ်လုပ်တဲ့ နူး ဆိုတဲ့ အမျိုးသမီးက” ကျမက ဒီနေရာက နေတိုင်း ဖြတ်လျှောက်နေကြ တော်တော် တုန်လှုပ်မိတယ်” လို့ ပြောပါတယ်။

“ အဆောက်အဦထဲမှာ နေရတဲ့အခါ လုံခြုံတယ်လို့ ခံစားရပေမယ့် အပြင်ထွက်ရင် ကြောက်သလို ခံစားရတယ်… မြေပြင်ကို ကြည့်ကြည့်ပြီး ကြောက်တယ်” ဆိုပြီးလည်း အဲဒိနေရာမှာ အလုပ်လုပ်လာတာ ၁၀နှစ်ရှိနေပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကလည်း ပြောပါတယ်။

အခုလို အဖြစ်အပျက်ကြောင့် အဲဒိနေရာမှာ လူသွားလူလာ အတော်ရှင်းသွားလို့ ထမင်းဆိုင်ဖွင့်ထားတဲ့ ဟီရူး ဆိုသူက “ အခုလို မဖြစ်ခင်က ကျနော့ဆိုင်မှာ တစ်နေ့ကို ဟင်းပွဲ ၄၀၀ လောက်ကို လွယ်လွယ်လေး ရောင်းရတယ်။ အခုတော့ ပွဲ ၅၀တောင် မသေချာတော့ဘူး” ဆိုပြီး ပြောပါတယ်။

ဒီနေရာက နေတိုင်း လူထောင်နဲ့ချီ ဖြတ်သန်းသွားလာတဲ့ နေရာဖြစ်ပေမယ့် အနီးအနားက ဆိုင်တချိုရယ် မဖြစ်မနေမို လာကြရတဲ့ သူတွေပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောစကားအရ အခုကျွံကျတဲ့ နေရာအောက်တည့်တည့်မှာ လက်ရှိသုံးနေတဲ့ ရေမြောင်းကြီး တစ်ခု ရှိနေတယ်လို့ ပြောပါတယ်။အခင်းဖြစ် အကြောင်းရင်ကိုတော့ တာဝန်ရှိသူတွေက အခုထက်ပိုပြီး အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Ref: CNA

ပုံစာ။ မြေကျွံကျသွားတဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်နေကြပုံ

Feature Image Credit: The Vibes

Visited 57 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *