မလေးရှားနိုင်ငံ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်  လူ ၃၉ ယောက် ဆေးကုသမှု ခံကြရ

ကွာလာလမ်ပူ၊ ဇူလိုင် ၅

ကွာလာလမ်ပူလေဆိပ်ရဲ့  အင်ဂျင်နီယာဌာနတစ်ခုမှာ  ကြာသပတေးနေ့ (ဇူလိုင် ၄ ရက်)က  ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ခဲ့လို့ လူ ၃၉ ယောက် ဝေဒနာပြင်းထန်ခဲ့ကာ ဆေးရုံကို ပို့ပြီး ကုသမှု ခံခဲ့ရတယ်လို့  မလေးရှားအရေးပေါ်ဝန်ဆောင်မှုအရာရှိတယောက်က ပြောပါတယ်။

“  စုစုပေါင်း ၃၉ ယောက် ဟာ မူးဝေ ပျို့အန်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်” လို့  ဒေသဆိုင်ရာ ကယ်ဆယ်ရေးအရာရှိ မိုဟာမက် နူ ခါအီရီ ဆမ်ဆူမင် ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၅ရက်မှာတော့  ၂၄ ယောက်က  ဆေးရုံက ဆင်းခဲ့ပြီး ကျန်တဲ့၁၄ ယောက်ကတော့  လေကြောင်း ဘေးအန္တရာယ် စောင့်ရှောက်ရေးဌာနမှာပဲ ဆက်ရှိနေပြီး တစ်ယောက်ကတော့  ဆေးရုံတင်ထားရသေးတယ် လို့ သိရပါတယ်။

ထိခိုက်ခံရသူအားလုံးဟာ လေဆိပ်မှာ တာဝန်ယူလုပ်ကိုင်နေတဲ့ ကုမ္ပဏီသုံးခုက ဝန်ထမ်းတွေလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကြောင့်  နိုင်ငံရဲ့ ထိပ်တန်းလေဆိပ်ကြီး အတွက် ခရီးစဉ်နှောင့်နှေးတဲ့ ပြသနာမျိုးအထိ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ယိုစိမ့်မှုကို ပိတ်ဆို့နိုင်ဖို့ အရေးပေါ်အဖွဲ့သားတွေက အလျင်အမြန်လုပ်ဆောင်ခဲ့ပါတယ်”  တာဝန်ရှိသူက ပြောဆိုလိုက်ကြောင်းလည်း သိရပါတယ်။

Ref: AFP

ပုံစာ။ ဓါတ်ငွေ့ယိုစိမ့်ခဲ့တဲ့ အခင်းဖြစ် ဖြစ်နေရာကို တွေ့ရပုံ

Feature Image credit: REUTERS/Bazuki Muhammad

Visited 49 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *