မလေးရှားနိုင်ငံရေး ပါတီတွေက အရေးပါတဲ့ ထရန်ဂါနူ ပြည်နယ်မှာ အနိုင်ရဖို့ လူငယ်မဲတွေကို ပစ်မှတ်ထားနေ

ထရန်ဂါနူမှာ ပါတီအလံတွေ ချိတ်ဆွဲထားကြပုံ
Photo Credit:CNA

 

ကူလာ ထရန်ဂါနူ၊ ဩဂုတ် ၈

ပြည်နယ်မဲဆန္ဒရှင်တွေရဲ့  ထက်ဝက်ကျော်ဟာ အသက် ၄၀  နှစ်အောက် တွေ ဖြစ်သလို တက်ကြွတဲ့ အရွယ်တွေ ဖြစ်နေ တာ မို့ အဲ့ဒိလူဦးရေအချိုးအစားက  နိုင်ငံရေးပါတီတွေအတွက် အဓိကအာရုံစိုက်နေတဲ့ အနေအထားတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။

သြဂုတ် ၁၂ရက် စနေနေ့မှာတော့ ထရန်ဂါနူမြို့ခံတွေ မဲပေးကြမှာ ဖြစ်ပြီး လူငယ်မဲတွေက အရေးကြီးတဲ့ အနေအထား မှာရှိ နေပါတယ်။  ဒါတင်မက အဲ့ဒိမဲတွေဟာ ဩဂုတ်လ ၁၉ရက်နေ့မှာ ကျင်းပတော့မယ့်  မလေးရှားနိုင်ငံရဲ့ အထွေထွေရွေး ကောက်ပွဲ မှာ သက်ရောက်မှု အများကြီး ရှိမယ်လို့လည်း ဆိုကြပါတယ်။

စည်းလုံးညီညွတ်သောအစိုးရ မဟာမိတ်အဖွဲ့( unity government alliance) နဲ့ ပါကစ္စတန်အမျိုးသား (Perikatan Nasional ) ပါတီ နှစ်ဖွဲ့လုံးက   အနိုင်ရမယ်လို့ ယုံကြည်မှုတွေ ကိုယ်စီ ရှိနေကြတဲ့အလျှောက် ထရန်ဂါနူ ရွေးကောက်ပွဲဟာ ပြင်းထန်တဲ့  တိုက်ပွဲတစ်ခုဆန်ဆန်  မြင်ကြရမယ်လို့ ပြည်တွင်းသတင်းတွေက ရေးသားနေတယ်လို့လည်း သိရပါတယ်။

ကိုယ်စားလှယ်လောင်းတွေကလည်း  လူငယ်တွေရဲ့  အရေးပါမှုကို နားလည်တဲ့ အလျှောက် ပါတီ စည်းရုံးရေး ကြေငြာ စာတမ်းတွေမှာ  လူငယ်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား အာရုံစိုက်ကာ အမျိုးမျိုးသော အစီအစဉ် တွေနဲ့ ကတိ ကဝတ် တွေ ပေးထားကြတယ်လို့ သိရပါတယ်။

လက်တွေမှာလည်း ပါတီတစ်ခုဖြစ်တဲ့ အစ္စလာမ့်ပါတီ All-Malaysia Islamic Party (PAS) ဆိုရင်အမေရိကန် ဒေါ်လာ ၁ဒသမ ၁သန်းကို ထူထောင်ကာ ဆိုင်ကယ်ဝယ်ဖို့ အတိုးမဲ့ချေးငွေတွေ ထုတ်ပေးတာမျိုးတွေနဲ့  မျိုးဆက်သစ်လူငယ်တွေကို အပြိုင် စည်းရုံးနေတယ်လို့ သိရပါတယ်။

Ref:CNA

Feature Image Credit:CNA

Leave a Reply

Your email address will not be published. Required fields are marked *