မလေးရှားနိုင်ငံမှာ  သေဒဏ် နဲ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် နှစ်ရပ်လုံးကို ဆက်မကျင့်သုံးဖို့ အတည်ပြု့

ကွာလာလမ်ပူ၊ ဧပြီ ၃  

မလေးရှားပါလီမန်ဟာ  မဖြစ်မနေသေဒဏ်ကိုဖယ်ရှား ပစ်ဖို့၊ သေဒဏ်ပေးတဲ့ပြစ်မှုအရေအတွက်ကို လျှော့ချဖို့ အပါအဝင် တစ်သက်တစ်ကျွန်းပြစ်ဒဏ်တွေကို ဖျက်သိမ်းပစ်ဖို့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို  ဧပြီ ၃ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့တွေက သတိကြီးစွာကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မလေးရှားဟာ ဖော်ပြခဲ့သလို  ကြီးလေးတဲ့ပြစ်ဒဏ်ကြီးတွေ လုံးလုံးလျားလျား ဖျက်သိမ်းပစ်မယ်လို့ ပထမဆုံး ကတိပေးခဲ့ တဲ့ ၂၀၁၈ ခုနှစ်ကတည်းကစပြီး သေဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အစိုးရဟာ ပါတီတချို့ရဲ့ နိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်နှစ်အကြာမှသာ သေဒဏ်ကို ဆိုင်းငံ့ ထိန်း သိမ်းထားနိုင်ခဲ့ပြီး  တရားရုံးတွေကို သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း အခြားပြစ်ဒဏ်တွေနဲ့ အစားထိုးခွင့် ပြုခဲ့ပါတယ်။

ပြင်ဆင်ချက်တွေအရ သေဒဏ်အစား အခြားရွေးချယ်စရာတွေထဲမှာ ကြာပွတ်ရိုက်ဒဏ် နဲ့ ထောင်ဒဏ် နှစ်၃၀ ကနေ ၄၀ အထိ ပစ်ဒဏ်တွေ ပါဝင်ပါတယ်။ ထောင်ဒဏ်အသစ်က ပြစ်မှုကျူးလွန်သူရဲ့ ချမှတ်ခံထားရတဲ့ အရင်ပြဋ္ဌာန်းချက်တွေ အားလုံးကို အစားထိုးမှာ ဖြစ်ပါတယ်။

ဥပဒေ အသစ်အရ  သတ်မှတ်ထားတဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို အနှစ်၃၀ ထောင်ဒဏ် နဲ့ အစားထိုး မှာ ဖြစ်ပါ တယ်။

လက်နက်မှု၊ ပြန်ပေးမှုတို့လို  ကြီးလေးတဲ့ပြစ်မှုတချို့အတွက်ကြီးလေးလွန်းတဲ့ ပစ်ဒဏ်တွေအစား အခြားရွေး ချယ်စရာ ပြစ်ဒဏ်တွေလည်း ရှိလာမှာ ဖြစ်ပါတယ်။

မလေးရှားရဲ့ အဆိုပါ လုပ်ဆောင်ချက်ဟာ အရှေ့တောင်အာရှနိုင်ငံတချို့မှာ ကြီးကြီးမားမား ပြစ်ဒဏ်ပေးတဲ့ ကိစ္စတွေကို အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် လို့ ဆိုပါတယ်။ စင်ကာပူဟာ ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးဝါးမှုနဲ့ လူ ၁၁ ဦးကို ကွပ်မျက် ခဲ့ပြီး  မြန်မာနိုင်ငံမှာလည်း မကြာသေးခင်ကပဲ လူလေးဦးကို ဆယ်စုနှစ်တွေအတွင်း ပထမဆုံး သေဒဏ်ပေးခဲ့ပါတယ်။

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *