မလေးရှားနိုင်ငံစက်ရုံလုပ်ငန်းခွင်အတွင်း မြန်မာ တစ်ဦးအသက်ရှူကြပ်၍သေဆုံး

မလေးရှားနိုင်ငံစက်ရုံလုပ်ငန်းခွင်အတွင်း မြန်မာ တစ်ဦးအသက်ရှူကြပ်၍သေဆုံးသွားကြောင်းနှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။

ကွယ်လွန်သူမှာ ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ်၊ (၁၆ )ရပ်ကွက် မနော်ဟရီလမ်းတွင်နေထိုင်သူ အသက် ၅၁ နှစ်အရွယ်ဦးအောင်ဝင်း ဆိုသူဖြစ်ကြောင်း၊အဆုတ်ရောဂါဖြင့်အသက်ရှူကြပ်ကာစက်ရုံ၌သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် ဇွန်လ ၂၂ ရက်ကနှလုံးလှပရဟိတအဖွဲ့ အနေဖြင့်ကွာလာလမ်ပူ-ချဲရတ်သုဿာန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *