- လမ်းပေါ်က ကားနဲဆိုက်ကယ်ကိုပါ ဝင်တိုက်မိ ၁၀ယောက်သေဆုံး

Photo Credit: CNA/Fadza Ishak
ဆီလန်ဂေါ(မလေးရှား)၊ ဩဂုတ် ၁၇
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာအလန် ဝန်းကျင်က အဝေးပြေးလမ်းမပေါ်မှာဩဂုတ် ၁၇ရက်က လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၁၀ယောက် သေဆုံးခဲ့ရတယ်လို့ ခရိုင်ရဲမှူးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“လောလောဆယ်တော့ လေယာဉ်ပျက်ကျလို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးတယ်လို့ ပြောလို့ရပါတယ်။ ကားပေါ်ပါ လာတဲ့ နှစ်ယောက်ထဲက တစ်ယာက် ၊ မော်တော်ဆိုင်ကယ်ပေါ်က တစ်ယောက်၊ လေယာဉ်ပေါ် ခရီးသည်ရှစ်ယောက်လုံး လည်း သေဆုံးခဲ့ပါတယ်” လို့ ဆာအလန် ခရိုင်ရဲမှူး မိုဟာမက် အစ်ဂဘယ် အီဘရာဟင် က AFP ကို ပြောဆိုပါတယ်။
ခရီးသည်ခြောက်ယောက်နဲ့ လေယာဉ်အမှုထမ်းနှစ်ယောက် လိုက်ပါလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးဟာ လန်ကာဝီ အပန်းဖြေကျွန်းကနေ ဆီလန်ဂေါက ဆူဘန် လေဆိပ်ကို ထွက်ခွာလာတုန်း မွန်းလွဲ ၂ နာရီ ၁၀ မိနစ်လောက်မှာ ပျက်ကျခဲ့ တာ လို့ သိရပါတယ်။
လေယာဉ်ဟာ လေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အဝေးပြေးလမ်းမ ကြီးပေါ် က ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကို တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆီလန်ဂေါရဲတပ်ဖွဲ့အကြီးအကဲ ဟတ်ဆင် အိုမာ ခန်း က သတင်းထောက်တွေကို ပြောဆိုပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာတော့ အဝေးပြေးလမ်းမကြီးပေါ်က မီးလောင်နေတဲ့ အစိတ်အပိုင်းဓါတ်ပုံတွေ တင်ထား တာ တွေ့ကြရပါတယ်။
Free Malaysia Today သတင်းမှာတော့ လေယာဉ်က မြေပေါ်ကို ပြုတ်ကျ ပေါက်ကွဲသွားခဲ့တယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
Ref: CNA
အခင်းဖြစ်ပွားခဲ့တဲ့နေရာက မှတ်တမ်းဓါတ်ပုံများ(All Photo Credit: CNA/Fadza Ishak)

