တရုတ် Developer ရဲ့ ကြွေးမြီအကျပ်အတည်းတွေကြောင့် လို့ဆို
ဂျိုဟိုးက တိတ်ဆိတ်ခြောက်ကပ်နေတဲ့ Forest Cityကိုတွေ့ရပုံ
Fhoto Credit: CNA/Fadza Ishak
ဂျိုဟိုး၊ ဩဂုတ် ၂၃
စိမ်းလန်းစိုပြေနေတဲ့အပင်တွေနဲ့အတူ အာကာသယာဉ်ပုံစံ မျှော်စင်တွေနဲ့ တည်ဆောက်ထားတဲ့ မလေးရှားနိုင်ငံ ဂျိုဟိုး က Forest City လူနေအိမ်ပရောဂျက်တစ်ခုဟာ ဆောက်လုပ်နေတဲ့ တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ကြွေးမြီ ပြသနာကြောင့် ပရောဂျက်ရဲ့ အဆုံးမသတ်ရသေးတဲ့ အပိုင်းတွေ တန်းလန်း ဖြစ်နေတာမို့ ဝယ်ယူထားတဲ့ သူတွေ အဖို့ ရတက်မအေး ဖြစ်နေရတယ်လို့ သိရပါတယ်။
စင်င်္ကာပူနိုင်ငံက ရှီးပိုင်လင်း ဆိုသူဟာ Forest City က အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းကို လွန်ခဲ့တဲ့ လေးနှစ်၂၀၁၉ခုနှစ်က စင်္ကာပူဒေါ်လာ၂၀၄၇၇၉ ကို ပေးချေပြီး ဝယ်ယူနေထိုင်ခဲ့ပါတယ်။
အခု့တော့ Forest City ရဲ့ ဖွံ့ဖြိုးတိုးတက်ရေ:အတွက် ကျန်နေသေးတဲ့ ဆောက်လုပ်မှုတွေ မပြီးပြတ်နိုင်ဘဲ ကျန်နေသေး တဲ့ စီမံကိန်းဝင်လုပ်ငန်းတွေကြောင့် ရှီးပိုင်လင်း က စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။ သူ အပူပန်ဆုံးကတော့ အခု လူတွေ ခေါ်နေတဲ့ “ကန္တာရတစ္ဆေမြို့” ဆိုတဲ့ နာမည်အတိုင်:ပဲ ဆက်ဖြစ်သွားမှာကို စိုးရိမ်နေရတဲ့ ကိစ္စပါလို့ ပြောပါတယ်။
လတ်တလောမှာတော့ ပရောဂျက် developer ရဲ့ ငွေကြေးအကျပ်အတည်းတွေကြောင့် ပရောဂျက်က တန်းလန်း ဖြစ်နေ တယ်လို့ ဆိုပါတယ်။
“သတင်းတွေက အရမ်းစိုးရိမ်စရာကောင်းတယ်။ မလေးရှားက developer တွေဆီမှာ ငွေသားစီးဆင်းမှု ပြဿနာတွေ ရှိ၊ မရှိနဲ့ သူတို့ စီစဉ်ထားတဲ့ ပရောဂျက်ကို အပြီးသတ်နိုင်ပါ့မလား” ဆိုတဲ့ မေးခွန်းပေါင်းများစွာ ရှိနေကြပြီလို့လည်း ရှီးပိုင် လင်း က ထပ်ပြောပါတယ်။
ဂျိုဟိုးမှာ ရှိတဲ အိမ်ခြံမြေကျွမ်းကျင်သူတွေကလည်း အဲ့ဒီလို စိုးရိမ်မှုတွေဟာ မှန်ကန်တယ်လို့ အခိုင်အမာ ထောက်ခံကြပါ တယ်။
အခုဆို ဂျုဟိုးပရောဂျက် ပြသနာကြောင့် လက်ရှိ ဆောက်လုပ်တဲ့ ကုမ္ပဏီရဲ့ ဩစတြေးလျှ က ပရောဂျက် တွေကိုပါ ရိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ပြသနာတက်နေတဲ့ ကုမ္ပဏီနာမည်က Country Garedn လို့ခေါ်ပြီး တရုတ်နိုင်ငံ ဂွမ်ဒေါင်းမှာ အခြေစိုက်တဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
Ref: CAN
Feature Inage Credit: MNEWS