မလေးရှားနိုင်ငံ ၊စလန်းကောပြည်နယ် ၊ဆွန်ကိုင်းဘလို့မြို့ဆေးရုံကြီးတွင် လွန်ခဲ့သော မေလ ၂၃ ရက် ခန့်ကာလကပင် ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသားကိုသိရှိသူများဆက်သွယ်နိုင်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က အကူအညီတောင်းခံထားသည်။
အဆိုပါသေဆုံးသူ မြန်မာနိုင်ငံသားမှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်ခဲ့သော အသက် ၅၃ နှစ်အရွယ် ကိုထူး ဆိုသူ ဖြစ်ကြောင်း၊မိသားစုနှင့်အဆွက်အသွယ်ပြတ်နေသည်မှာ ကာလကြာနေပြီဖြစ်သောကြောင့် နာရေးကိစ္စအတွက်သင်္ဂြ ိုလ်ရန်မိသားစုနှင့်အဆက်အသွယ်ပြုဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သိရှိသူများအနေဖြင့် ဆက်သွယ်ပေးကြရန် အထက်ပါအတိုင်း အကူအညီတောင်းခံထားခြင်း ဖြစ်သည်။
ကားအက်ဆီဒင့်ဖြစ်၍သေဆုံးသောကြောင့် ရုပ်ခန္ဓာ ပျက်စီးစပြုလာကာ ရုပ်အလောင်း ထားရန် နေရာအခက်အခဲရှိနေ၍ ဆေးရုံးနှင့်ရဲတပ်ဖွဲ့က အမြန်ဆုံးသဂြိုလ်ပေးရန် အကူညီတောင်းခံလာကြောင်း၊ယင်းကြောင့် သေဆုံးသူ ကိုထူး ကိုသိရှိသူများ မိသားစု၊မိတ်သင်္ဂဟများအနေဖြင့် လိုအပ်သောစာရွက်စာမ်းကိစ္စရပ်များစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ကို ဆက်သွယ်နိုင်ကြောင်း အကူအညီတောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။