မလေးရှားက အော်တစ်ဇင်ကလေးငယ် သေဆုံးမှုနဲ့ ပတ်သက်ပြီး  ကလေး မိဘတွေက တရားရုံးတင်စစ်ဆေးခံနေရပြီး အဘိုးအဘွားတွေက ဖမ်းဆီးခံရ

ဆီလန်ဂေါ၊ ဇွန် ၁၃

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်က အသက်ခြောက်နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်သေဆုံးရတာနဲ့ ပတ်သက်ပြီး မိဘတွေ တရားရုံးမှာ စစ်ဆေးခံနေရပြီး ကလေးငယ်ရဲ့ အဘိုးအဘွားတွေကိုတော့ ဖမ်းဆီးလိုက်တယ်လို့ ဇွန်လ ၁၃ရက် သတင်းတွေက ဖော်ပြနေကြပါတယ်။

ကလေးငယ်ရဲ့ အလောင်းကိုပြီးခဲ့တဲ့ ၂၀၂၃နှစ် ဒီဇင်ဘာလမှာ သူနေထိုင်တဲ့ ဆီလန်ဂေါက အိမ်ရဲ့ အနားမှာ ရှိတဲ့ စမ်းချောင်းရဲ့ အစပ်မှာ တွေ့ရှိခဲ့တာပါ။

ဒီသေဆုံးမှု့ကို ရဲတပ်ဖွဲက  ဖော်ထုတ်တဲ့အခါမှာတော့ အခုအချိန်မှာ လူသတ်မှုလို့ သံသယရှိတာကြောင့် မိဘတွေကို ပေါ့ဆမှုနဲ့ ရုံးတင်စစ်ဆေးနေပြီး အဘိုးနဲ့အဘွားကိုတော့ စွဲချက်မတင်သေးပဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရဲတွေကတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ဖို့ စစ်မေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဟာ လူသတ်မှုဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် သေဒဏ် ဒါမှမဟုတ်  ထောင်ဒဏ် နှစ် ၃၀ က ၄၀ အထိ ချမှတ်နိုင်ပြီး ၁၂ ကြိမ်ထက် မနည်းတဲ့ ကြိမ်ဒဏ်လည်း ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

Ref: CNA

ပုံစာ။ သေဆုံးသွားတဲ့ ကလေးငယ်ကို တွေ့ရပုံ

Feature Image Credit: Facebook/Polis Daerah Petaling Jaya)

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *