နယူးယော့ခ်၊ ဩဂုတ် ၂၆
ကမ္ဘာကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ မရိုင်ယာ ကယ်ရီရဲ့ မိခင် ပက်ထရီစီယာနဲ့ ညီမဖြစ်တဲ့ အယ်လီဆန် တို့ နှစ်ယောက်လုံး တစ်ရက်ထဲမှာပဲ သေဆုံးခဲ့တဲ့ အကြောင်း မရိုင်းက တနင်္လာနေ့ (သြဂုတ် ၂၆ ရက်)မှာ ပြောဆိုလိုက်ပါတယ်။
“ပြီးခဲ့တဲ့ အပတ်က အမေ့ကို ဆုံးရှုံးလိုက်ရလို့ စိတ်တွေ ကြေကွဲသွားတယ်။ ဝမ်းနည်းစရာကောင်းတာက ကြေကွဲဖွယ်ဖြစ်ရပ်တွေ ထပ်ကြုံလာရလို့ပါ၊ ငါ့ညီမလည်း အဲဒိနေ့ မှာပဲ အသက်ဆုံးရှုံးသွားတယ်” လို့ ဂရမ်မီဆုရှင် အဆိုတော်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“အမေမဆုံးခင် နောက်ဆုံးအပတ်မှာ အမေနဲ့ အတူနေနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်” လို့လည်း လူမှုကွန်ယက်မှာ ရေးထားပါတယ်။ ဆက်ပြီး သူက “ဒီမဖြစ်နိုင်တဲ့ အချိန်အတွင်းမှာ လူတိုင်းရဲ့ ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးမှုတွေ၊ လေးစားမှုတို့ကို တန်ဖိုးထားမိပါတယ်။” ဆိုပြီး ရေးတင်ထားပါတယ်။
မရိုင်းနဲ့ သိပ် ထိထိတွေတွေ မရှိခဲ့တဲ့ မိခင်ကြီး အယ်လီစီယာ ဟာ အသက် ၆၃နှစ်အရွယ် ရှိနေပြီး ကိုယ်တွင်း အင်္ဂါတွေရဲ့ လုပ်ဆောင်မှုဆိုင်ရာ ရှုပ်ထွေးမှုကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရတာလို့ Times Union ဩဂုတ် ၂၆ရက် တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ချက်ချင်း မသိရှိရသေးပါဘူးလို့ People မဂ္ဂဇင်းက သေဆုံးမှုသတင်းနဲ့ မရိုင်းရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပထမဆုံးဖော်ပြခဲတာ ဖြစ်ပါတယ်။
မိခင်ကြီး ပက်ထရီစီယာက ထူးချွန်တဲ့ အော်ပရာအဆိုတော်တစ်ယောက်ဖြစ်ခဲ့ပြီးမရိုင်း ငယ်ငယ်ကတည်းက အားကျအတုယူခဲ့ရတဲ့သူလို့ သိရပါတယ်။
Ref: AP
ပုံစာ။ အဆိုတော် မရိုင်ယာ ကယ်ရီ
Feature Image Credit: AP Photo/Damian Dovarganes, File



