ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဥက္ကလာပလမ်းမပေါ် ကျောက်ရေ တွင်းအနီးမှာ ဇူလိုင်လ၁၄ရက်ည၁၁နာရီ ခန့်က မော်ဆော်ယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများဆီက သိရ ပါတယ်။




တိုက်မိမှုဖြစ်ပွားခဲ့တဲ့ယာဉ်နှစ်စီးက တော့ လိုက်ထရပ်ယာဉ်နဲ့ အိမ်စီးမော် တော်ယာဉ်တို့ဖြစ်ကြပြီး ယာဉ်နှစ်စီး ပေါ်လိုက်ပါလာသူနှစ်ဦး ထိခိုက်ဒဏ် ရာရခဲ့ကြတဲ့အတွက် ကျောက်ရေတွင်းပ ရဟိတအသင်းနဲ့မြောက်ဥက္ကလာပ
မြို့နယ် We Love ပရဟိတအသင်းတို့က လူနာတင်ယာဉ်များနဲ့ မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။