ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၅ရပ်ကွက်၊ လေဆိပ်လမ်းမှာ ဇန်နဝါရီလ၁ရက်နေ့မနက် ၂နာရီ၅၂ မိနစ်က ကုန်တင်ယာဥ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို တိုက်မိခဲ့ပြီး ကုန်တင်ယာဥ်မောင်းမှာ ကားခေါင်းခန်းတွင်းညပ်မိနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်ပေးခဲ့ရတယ်လို့ မီး သတ်တပ်ဖွဲ့က သိရပါတယ်။


အခင်းဖြစ်နေရာကို မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီး သတ်ယာဉ်၁စီးနဲ့သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ကားခေါင်းခန်းအတွင်းညပ်မိနေတဲ့ ယာဥ်မောင်းအမျိုးသားကိုကယ်ထုတ်ပေးခဲ့ပြီး လူထဲကလူ လူမှုကယ်ဆယ်ရေးအသင်းကားနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 21 times, 1 visit(s) today



