မရမ်းကုန်းမြို့နယ်၊သမိုင်းပျံကျစျေးအနီးမှာ ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦး ရုပ်အ လောင်းတွေ့ရှိ

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ် ကွက် ၊ မင်းရဲကျော်စွာလမ်းမကြီး၊ သမိုင်းမြို့ဟောင်း (၁)လမ်းထောင့်၊ သမိုင်းပျံကျစျေးအနီးမှာ ဒီဇင်ဘာလ၁၃ရက်မနက်၆နာရီခွဲက ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အ သက်၂၀ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးရဲ့ ရုပ် လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘယ်သူကသတ်သွားတာလဲတော့ မသိဘူး။ဘယ်ကမှန်းလဲမသိဘူး။အသက်၂၀ကျော်အရွယ်လောက်ရှိမယ်ထင်တယ်။အလောင်းကိုတော့ လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့လိုက်ကြတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို မြတ်ကုသိုလ်လူမှုကယ် ဆယ်ရေးအသင်းက မော်တော်ယာဥ်နဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *