ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်မှာ နိုဝင်ဘာ လ၂၂ရက်နေ့က အမျိုးသား၃ဦးဆီကနေ စိတ်ကြွရူး သွပ်ဆေး ပြား ၃၉၀၀၀ပြားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ နိုဝင်ဘာလ၂၂ရက်နေ့လယ် ၁၂နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ အ မှတ်(၂)ရပ်ကွက်မှာ လမ်းလျှောက်လာသူ ကျော်လှိုင် (ခ)ကျော်ခိုင်နဲ့ကောင်းထက်တို့ကို စစ်ဆေးရှာဖွေရာ သူတို့တို့ဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့်လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်း လွဲ၂နာရီခွဲအချိန်မှာ စိုးမင်းထူး(ခ)အတီး(ခ)ဖထီးကို မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးရေခဲလမ်းက သူ့ရဲ့နေ အိမ်မှာ လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ညနေ၃နာရီခွဲ အချိန်မှာ ကောင်းထက် ငှားရမ်းနေထိုင်တဲ့ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်မေတ္တာလမ်းက နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀ ပြား (ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၉၀) ကိုလည်း ကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့သိရပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ ကျော်လှိုင် (ခ)ကျော်ခိုင်(၃၈)နှစ်၊ ကောင်းထက်(၃၃)နှစ် နှင့် စိုးမင်းထူး(ခ)အတီး(ခ)ဖထီး(၇၃)နှစ်တို့အား ဘုရင့်နောင်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။



