- ဖမ်းမိရာမှာ တရုတ်နိုင်ငံသားများအပြင် မြန်မာနိုင် ငံသားများ ပါဝင်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်က PAL Hotel ဟိုတယ်အတွင်း လောင်းကစားဝိုင်းဖွင့်လှစ် ဆောင်ရွက်နေသူ တရုတ်နိုင်ငံသား ၉ဦးနဲ့ မြန်မာနိုင်ငံသား ၃၈ ဦးတို့ကို သက်သေခံပစ္စည်းများနှင့်အတူ မေလ ၁၀ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မေလ၁၁ရက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဖြစ်စဥ်မှာ မေလ ၁၀ ရက် နံနက်၁ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သီရိမွန်အိမ် ရာ၊ သီရိမွန်၁၀လမ်း၊အမှတ်(၈)က PAL Hotelမှာ လောင်းကစားဝိုင်းဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ သတင်းရရှိတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဝင်ရောက်ရှာဖွေခဲ့ရာ ဟို တယ်ဒုတိယအထပ်မှာ လောင်းကစားဝိုင်းတည် ထောင်ပြီးစီမံခန့်ခွဲလုပ်ကိုင်နေသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ မြန်မာနိုင်ငံသားအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ လောင်း ကစားဝိုင်းမှာ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားအမျိုးသား ၇ ဦး၊အမျိုးသ မီး၂၄ ဦးနှင့်လောင်းကစားလာရောက်ကစားသူ တရုတ်နိုင်ငံသားအမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင် ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၇ ဦးတို့ကို ဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူများနဲ့အတူ လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ ဘူကြီးလောင်းကစားခုံ ၅ ခုံ၊ ပဲကြားလော့ လောင်းကစားခုံ ၂ ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ ၁ ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ ၁ ခုံ၊ ဖဲထုပ် ၂၅၄ ထုပ်၊ ငွေကျပ်ငါးရာမှ သိန်းတစ်ရာအထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း ၃၈ လုံး၊ လက်တော့ ၂ လုံး၊ Tablet ၁ လုံး၊ All in One ကွန်ပျူတာ ၁ လုံး၊ လောင်းကစားပြုလုပ်ရာမှာငွေအလွှဲအပြောင်းပြုလုပ်ဖို့ အသုံးပြုတဲ့ ဘဏ်အကောင့်နံပါတ်များ ရေးသားထားတဲ့ ကတ်ပြား ၁ ခု၊ ဖဲချပ်ဖျက်စက် ၁ လုံး၊ ငွေရေတွက်စက် ၁ လုံး၊ CCTV Recorder ၁ လုံး၊လောင်းကြေးငွေ ၃၀၁ သိန်းကျပ်နှင့် ကား ၁၇ စီးတို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ Mr. Yang Jian ပါ တရုတ်နိုင်ငံ သား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဝင်းမြင့်ထွန်းပါ မြန် မာနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုး သမီး ၂၇ ဦး စုစု ပေါင်း ၄၇ ဦးတို့ကို မရမ်းကုန်းမြို့ နယ်၊ ဘုရင့်နောင်နယ် မြေရဲစခန်းမှာ အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အ ရေးယူနိုင်ရေး ဆက်လက်စစ် ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။



