မန်ယူအသင်း အနေနဲ့ အရာအားလုံးကို ပြန်လည်တည်ဆောက်ဖို့ လိုနေတယ်လို့ စီ ရော်နယ်ဒိုက ပြော

စက်တင်ဘာ၊ ၁၂

မန်ချက်စတာ ယူနိုက်တက် အသင်း  အနေနဲ့  ထိပ်တန်း ဆုဖလား တွေ ထပ်ပြီး ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေကို ပြန်ရောက်ဖို့ ဆိုရင် အောက်ခြေ ကနေ အရာအားလုံး ပြန်လည် တည်ဆောက် ရမယ်လို့ စက်တင်ဘာ ၁၂ရက်မှာ အသင်သားဟောင်း ဖြစ်တဲ့ စီ ရော်နယ်ဒိုက မှတ်ချက်စကား ပြောလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အတွင်း ယူနိုက်တက် အသင်မှာ ကစားနေတဲ့ ကာလတစ်လျှောက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားကလပ်ပြိုင်ပွဲသရဖူတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ အထိကျသွားခဲ့တဲ့ ယူနိုက်တက်အသင်းကို ချစ်ခင်နေတုန်းပဲလို့လည်း ပြောခဲ့သေးတယ်လို့ သိရပါတယ်။

“သူတို့က အရာအားလုံးကို ပြန်လည်တည်ဆောက်ဖို့ လိုတယ်၊ ကျနော့ အမြင်အရတော့ ယူနိုက်တက်ကလပ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေသေးတဲ့အတွက် ပြန်လည်တည်ဆောက်ဖို့ အချိန်လိုတယ်၊ ဒါပေမယ့် သူတို့က ပြောင်းလဲဖို့လိုတယ်။ ဒါက တစ်ခုတည်းသောနည်းလမ်းလို့ နားလည်ပါတယ်” ဆိုပြီး ဗြိတိန်မီဒီယာတွေကို ပြောဆိုခဲ့တာပါ။

“အနာဂတ်က တောက်ပလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် သူတို့အရည်အချင်းတွေပေါ်မှာပဲ မမူတည်ပါဘူး။ အောက်ခြေကနေ ပြန်လည်တည်ဆောက်ရမှာ။ မဟုတ်ရင် မပြိုင်နိုင်ပါဘူး။ မဖြစ်နိုင်ပါ ဘူး။” လို့လည်း ဆိုပါတယ်။

လက်ရှိ ယူနိုက်တက် မန်နေဂျာ တန်ဟတ် လက်ထဲမှာ မန်ယူဟာ အဖွင့်သုံးပွဲမှာ နှစ်ပွဲရှုံးပြီးတဲ့နောက် ဖိအားတွေ ရင်ဆိုင်နေရပြီး ရော်နယ်ဒိုကတော့  လက်ထောက်နည်းပြအဖြစ် ခန့်ထားခံရတဲ့  ယူနိုက်တက်အသင်းဖော်ဟောင်း နစ္စတယ်ရိုင်း ကိုလည်း အားကိုးသင့်တဲ့အကြောင်း ပြေဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ မန်ယူနဲ့ အောင်ပွဲခံခဲ့တဲ့ ရော်နယ်ဒို

Feature Image credit: B Soccer

Visited 45 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *