မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားဟောင်း ဝိန်းရွန်နီ ဘာမင်ဂမ်စီးတီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရ

ဘာမင်ဂမ်စီးတီးအသင်းရဲ့ဘုတ်အဖွဲ့ဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားဟောင်းဝိန်းရွန်နီကို အသင်းနည်းပြအဖြစ်ကနေ ထုတ် ပယ်ခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီလ၂ရက်နေ့က သတင်းထုတ် ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့ ဝိန်းရွန်နီကလည်း “ဘာမင်ဂမ်စီးတီးအ သင်းကို စီမံခန့်ခွဲခွင့်ရအောင် ပံ့ပိုးပေးခဲ့တဲ့ Tom Wagner, Tom Brady နဲ့ Garry Cookတို့ကို ကျေးဇူး တင်ပါတယ်။ကျွန်တော် အသက် 16 နှစ်ကတည်းက ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး မန်နေဂျာအနေနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးလောကကို ဝင်လာခဲ့တယ်။ အခု ကျွန်တော့်မိသားစုနဲ့ အချိန်နည်းနည်းယူဖို့ စီစဉ်ထားပါတယ်။ကိုယ်တိုင်လည်း ဒီအခက် အခဲကို ကျော်လွှားဖို့ အချိန် နည်းနည်းယူရဦးမှာပါ။နောက်ဆုံးအနေနဲ့ ဘာမင်ဂမ်စီးတီးအသင်း နဲ့ ပိုင်ရှင်တွေ သူတို့ရဲ့ ရည်မှန်းချက်ဆီ အရောက်လှမ်းနိုင်ကြကပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ သူရဲ့လူမှုကွန် ရက်စာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။

ဘာမင်ဂမ်စီးတီးနည်းပြအဖြစ် ဝိန်းရွန်နီစတင် တာဝန်ယူချိန်မှာ ဘာမင်ဂမ်စီးတီးအသင်းဟာ အင်္ဂလန်ချန် ပီယံရှစ်ပြိုင်ပွဲမှာ အဆင့်၅နေရာမှာ ရပ်တည်ခဲ့ပေမယ့် ဝိန်းရွန်းနီ နည်းပြလုပ်ခဲ့တဲ့ ၁၅ပွဲမှာ ၉ပွဲရှုံးနဲ့၄ပွဲသရေကျခဲ့ပြီး ၂ပွဲသာအနိုင်ရရှိခဲ့ပြီး အဆင့်၂၀နေရာမှာ ရပ် တည်နိုင်ခဲ့တာကြောင့် ဘာမင်ဂမ်စီးတီးအသင်းဟာ ဝိန်းရွန်နီကို နည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *