မန္တလးမှာ “နွေနှောင်းဝဿန်´´ စုပေါင်း ပန်းချီရေးဆွဲခြင်းနဲ့ ပန်းချီပြပွဲ ကျင်းပမယ်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၅၇လမ်း၊၁၀၃ လမ်းနဲ့၁၀၄လမ်းကြားက Collector’s Soul Art Galleryမှာ ဇွန်လ၁၀ရက် ကနေ၂၀ရက်အထိ “နွေနှောင်းဝဿန်´´ စုပေါင်းပန်းချီရေး ဆွဲခြင်းနှင့်ပန်းချီပြပွဲကို ကျင်းပသွား မယ်လို့ သိရပါတယ်။

ပန်းချီပြပွဲမှာ မန္တလေးမြို့ခံ နာမည်ကျော် ပန်းချီဆရာကြီးများအပါအဝင် တက်သစ် ပန်းချီဆရာများ ပါဝင်သွားမှာဖြစ်ပြီး ပြပွဲကျင်းပနေတဲ့အချိန်မှာပဲ ပန်းချီဆရာ တွေက Collector’s Soul Art Gallery မှာပဲ တထိုင်တည်းပန်းချီရေးဆွဲသွားမှာ ဖြစ်လို့ ပန်းချီချစ်သူတွေ၊ ပန်းချီဝါသနာ ရှင်တွေ လာရောက်လေ့လာနိုင်သလို ရေးဆွဲထား တဲ့ပန်းချီကားတွေကို ကြိုက် နှစ်သက်ပါက သင့်တင့်တဲ့ဈေးနှုန်း များနဲ့ ဝယ်ယူသွား နိုင်တယ်လို့ သိရပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *