မန္တလေး သီရိမန္တလာကားကြီးကွင်း ထဲမှာ ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး ရုပ် အလောင်းတွေ့ရှိ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊၈၉လမ်းနဲ့လမ်း၉၀ကြား၊၂၃လမ်းနဲ့၂၄လမ်းကြားက သီရိ မန္တလာကားကြီးကွင်းထဲမှာ သြဂုတ်လ ၄ရက်နေ့ မနက်၆နာရီကျော်က ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးနေတဲ့ အမျိုးသားဟာ အသက် ၃၀ နှစ်ခန့်အရွယ်ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိ ဘဲ သေဆုံးနေကာ သေဆုံးနေသူရဲ့ အမည်နဲ့ နေရပ်လိပ်စာကို စုံစမ်းနေဆဲလို့ သိရပါ တယ်။

သေဆုံးနေသူရဲ့ရုပ်အလောင်းကို နန်း တော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က မော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေး ရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။

Visited 57 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *