မန္တလေး မဟာအောင်မြေကျောက်ဝိုင်းမှာ ကျောက်အ ရောင်းအဝယ်လာလုပ်သူ နည်းပါးသွားခဲ့

မန္တလေး၊မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာစ ခန်း(ကျောက်ဝိုင်း)မှာ နိုဝင်ဘာ၁၅ရက်နေ့ကစပြီး လက်ရှိအချိန်ထိ ကျောက်အရောင်းအဝယ်လာလုပ်သူ နည်းပါးသွားခဲ့တာဟာ သုံးရက်ရှိပြီလို့ ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

“ပုံမှန်ဆို ကျွန်တော်တို့အခင်းဝိုင်းမှာ မနက်၅နာရီလောက်က စပြီး မနက်၈နာရီကျော်ထိ လူစည်တယ် အခု လူတော်တော်လည်းကို နည်းပါးသွားတယ်။အသံဗလံတွေကလည်း ဟိုလိုလိုဒီလိုလိုတွေ ထွက်နေတော့ ကျောက်လုပ်တဲ့သူတွေလည်း စိုးရိမ်ပြီး မလာတော့ကြတာနေမှာ”လို့ ကျောက်ဝိုင်းအပြင်ဘက်မှာ အခင်းလိုင်း ကျောက်စိမ်းရောင်းသူတစ်ဦးကပြောပါတယ်။

ကျောက်စိမ်းလက်ဝတ်ရနာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကလည်း “ကျွန်တော်တို့ကျောက်ဝိုင်းထဲမှာတော့ မနက်အခင်းလိုင်းအ ပြီး ၈နာရီကျော်လောက်ကနေ ၁၂ခွဲ ၁ချက်လောက်ထိ အရောင်းလာလုပ်သူတွေတော်တော်များတယ်။အခုလ ၁၅ရက်နေ့ကစပြီး ကျောက်သမားတွေအနေနဲ့ မန္တလေးမှာ ထွက်နေတဲ့ ကောလာဟလသတင်းတွေကြောင့်မို့လို့ ဝိုင်းမဆင်းရဲဘူးဖြစ်နေတယ်။ဒီလို အခြေအနေကြီးက ဘယ် လောက်ထိကြာမလဲတော့ သေချာမသိဘူး။ပုံမှန်အလုပ်လုပ်ချင်ပေမယ့် ဝိုင်းထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်အသက်အန္တရာယ်ကို ဘယ်သူကမှ အာမခံမပေးအတွက် ဝိုင်းကိုသွားရင်တောင်အရင်လို ကြာကြာမနေရဲဘူး။အရောင်းအ ဝယ် မြန်မြန်လုပ်ပြီး တန်းပြန်လိုက်တော့တယ်”လို့ပြောပါတယ်။

မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာစခန်း (ကျောက် ဝိုင်း)မှာ အပွင့်လိုင်း၊လွှာချပ်လိုင်း၊လက်ကောက်လိုင်း၊လက်ဝတ်ရတနာလိုင်း၊အခင်းလိုင်း အစရှိတဲ့နေရာတွေမှာ ပုံမှန်အရောင်းအဝယ်လာလုပ်တဲ့အရေအတွက်ရဲ့ သုံးပုံတစ်ပုံလောက်သာ လုပ်ငန်းလာလုပ်ကိုင်နေကြတယ်လို့ကျောက်အရောင်းအဝယ်လုပ်သူတွေဆီက သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *