မန္တလေး မဟာမုနိဘုရားကြီး မသိုးမြတ်သင်္ကန်း ရက် လုပ်ပူဇော်ပွဲအခမ်းအနားကျင်းပ

မန္တလေးမြို့က မဟာမုနိရုပ်ရှင်တော်မြတ်(ဘုရားကြီး) ရဲ့(၃၄)ကြိမ်မြောက် မသိုးမြတ်သင်္ကန်း ရက်လုပ်ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ၂၆ရက်မနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။

(၃၄)ကြိမ်မြောက် မသိုးမြတ်သင်္ကန်း ရက်လုပ်ပူဇော်ပွဲမှာ မသိုးမြတ်သင်္ကန်းရက်လုပ်ပူဇော်နိုင်ဖို့အတွက် လူပေါင်း ၁၀၀ကျော်ပါဝင်တဲ့ ရက်ကန်းအဖွဲ့သုံးဖွဲ့နဲ့ စက် ချုပ်အ ဖွဲ့တစ်ဖွဲ့တို့က ညတွင်းချင်းရက်လုပ်ကာ တန် ဆောင်မုန်းလပြည့်နေ့ မနက် ၅နာရီမှာ မဟာမုနိဘုရားကြီးကို ကပ်လှူပူဇော်သွားမှာလို့ သိရပါတယ်။

မသိုးမြတ်သင်္ကန်း ရက်လုပ်ပူဇော်ရာမှာ ပါဝင်တဲ့အဖွဲ့တွေက ရေကြည်ပေါက်ကျေးရွာ၊ အုန်းတောကျေးရွာ၊ အင်းလေးဒေသနဲ့ စက်ချုပ်လုပ်မှုအပိုင်းအနေနဲ့ ကိုးလုံးတကာအဖွဲ့တို့ဖြစ်ကြပါတယ်။

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *