မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းမှာ ပြိုင်ဘီးတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းမိုင်တိုင်(၂၂)မှာ ဒီဇင်ဘာလ၁၆ရက်နေ့က ပြိုင်ဘီးတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပြိုင်ဘီးစီး စက်ဘီးအားကစားသမားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြိုင်ဘီးမှောက်မှုဖြစ်ပွားရာကို မြန်မာနိုင်ငံလူမူကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)။ချမ်းအေးသာစံမြို့နယ်ရုံးက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စက်ဘီးစီးအားကစားသမားအမျိုးသားကို မန္တလေးပြည်သူ့ဆေးရုံ OPDကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *