မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်း ၁၆မိုင်ဂိတ်အထွက်အနီးမှာ သြဂုတ်လ၂၈ရက်မနက်၉နာရီခွဲက အိမ်စီးကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီမနက်ကိုးနာရီခွဲမှာ မန္တလေး၁၆မိုင်ဂိတ်က အထွက်၊ ပြင်ဦးလွင်အ တက်မှာ ကား လေး တစီးမီးလောင်နေတာ တွေ့ရတယ်။ အင်ဂျင် ခန်းက မီး စလောင် နေတာ ဖြစ်ပြီး ၊ လောင်နေတဲ့ မီးဟာ အ ရှိန် ယူ နေ စ။စက်ခန်းကို ဘောနက် ဖွင့်မရလို့ အထဲမှာ လုံးထွေးပြီး အရှိန် ယူနေတာ။ ဖြတ်သွားလာ ကားကြီး၊ကား လေး မှန်သမျှလဲ မီးသတ်ဆေးဗူးတွေ ပါ လာ ဟန်မ တူဘူး။လမ်းဘေးက မြေကြီးတွေ နဲ့ ကောက် ပက်နေကြ တယ်´´လို့မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။