မန္တလေး-ပြင်ဦးလွင်ကားလမ်း(၁၉)မိုင်မှာနိုဝင်ဘာ၂၄ ရက်မနက်ပိုင်းက ယာဥ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုး သား၃ဦးသေဆုံးခဲ့ကာ အမျိုးသား၃ဦးနဲ့အမျိုးသမီး၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။



ယာဥ်မတော်တဆမှာဖြစ်ပွားရာကို စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)နဲ့ မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)တို့က သွား ရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက်ပေးခဲ့တယ်လို့သိရပါတယ်။




ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူများရဲ့ရုပ်အလောင်းများနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လူနာတင်ယာဥ်များနဲ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်
Visited 34 times, 1 visit(s) today



