ယနေ့ မေလ ၂၅ ရက် မွန်းလွဲ တစ်နာရီကျော် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတော ကျေးရွာနှင့်လက်ကောင်းကျေးရွာကြား၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် အနီရောင် mini အိုးဝေ(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်၍ ယာဉ်မောင်း(၁)ဦး ညပ်နေခဲ့သည်ကို အသက်ရှင်လျက် ကူညီနိုင်ခဲ့ကြောင်းသိရသည်။


အခင်းဖြစ်နေရာသို့ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာဉ်မောင်း အား အောင်ပင်လယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။