မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ကြာနီကန်ကျေး ရွာအနီးမှာ ဒီဇင်ဘာလ၆ရက်မနက်၈နာရီက မန္တလေးမြို့ဘက်ကနေ မတ္တရာမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင် မော်တော်ယာဉ်တစ်စီးပေါ်က ကာလပေါက်စျေးငွေကျပ်သိန်း၁၁၀၀တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဒီဇင်ဘာလ၆ရက်မနက်၈နာရီက မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေများနှင့်အတူ ပုသိမ် ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအနီးမှာ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်ကနေ မတ္တရာမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီး သည် မစက်ညွန့်(ခ)မိချော နှင့် မစုစုမာ(ခ)အငယ်မ တို့သယ်ဆောင်လာတဲ့ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များနဲ့ ထည့်ထားတဲ့ဘိန်းဖြူအလေးချိန် ၄.၄ ကီလို (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၁၀၀)နှင့် လက် ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ မစက်ညွန့်(ခ)မိချော (၃၇) နှစ် နှင့် မစုစုမာ(ခ)အငယ်မ(၂၀)နှစ်တို့ကိုပုသိမ် ကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။



