မန္တလေး ပရိယတ္တိသာသနဟိတအသင်းကြီးရှေ့မှာ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအ နောက်ရပ်ကွက်၊၈၅လမ်း၊၃၄လမ်းနှင့်၃၅လမ်းကြားရှိ ပရိ ယတ္တိသာသနဟိတအသင်းကြီးရှေ့မှာ အောက်တိုဘာ လ၁၆ ရက်ညနေ၅နာရီခန့်က ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးနေတဲ့အမျိုးသားဟာ ပြင်ပဒဏ်ရာမရှိဘဲ ထိုင်လျက်အနေအထားနဲ့ ရှေ့ကိုမှောက်ပြီး သေဆုံးနေတာဖြစ်ပြီး ပတ် ဝန်းကျင်မှ သေဆုံးနေသူကို သိရှိသူမရှိဘဲ သေဆုံးနေသူဟာ စိတ်ကျန်းမာရေးချို့ယွင်းနေသူဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

သေဆုံးနေသူအမျိုးသားရဲ့ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)က မော်တော်ယာဥ်နဲ့မန္တလေး​ ပြည်သူ့ဆေးရုံ​ကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *