မန္တလေး ပတ်စပို့ရုံးမှာ လူတန်းစီရင်း လူပိသေ

◼️ မန္တလေးညောင်ကွဲအကွက်က အမျိုးသမီးနှစ်ဦး၊မနက်အစောကြီး ထတန်းစီတာကနေလူအုပ်ပိကြတာဖြစ်

၁၉ ဖေော်ဝါရီ၊၂၀၂၄

မန္တလေးအောင်မြေသာစံမြို့နယ်၁၂လမ်း(Sp)ပါတ်စပို့ရုံး မှာ ဒီကနေ့မနက် ၂နာရီ ၃၅မိနစ်အချိန်ခန့်က ပါတ်ပို့တန်းစီတိုးကြရာကနေတဆင့် လူအုပ်ပိလို့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တယ် လို့ ပရဟိတအသင်းအချို့ကနေ သိရပါတယ်။

လူပိတဲ့ အမျိုးသမီး(၃)ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့လိုက်ရပြီး အဲ့ထဲက ဒေါ်ခင်မျိုးအေး၅၂နှစ် (ဖ)ဦးချစ်ထွေး-မန္တလေးညောင်ကွဲအကွက်(၆၇)နဲ့ ၊မခိုင်ဝေ၃၉နှစ်(ဖ)ဦးဌေးညောင်ကွဲအကွက်(၇) တို့ သေဆုံးသွားခဲ့တာပါ။

ညောင်ကွဲအောင်သပြေရပ်ကွက်မှာနေတဲ့ ဒေါ်ဌေးဌေးဝင်း ကတော့ ဆေးကုသမှုခံယူနေရဆဲလို့သိရပါတယ်။

နိုင်ငံမှာ ပြည်ပထွက်ခွါလိုသူတွေ၊ပြည်ပမှာအလုပ်လုပ်လိုသူတွေ တစ်နေ့တစ်ခြားများပြားလာနေပြီး နိုင်ငံကူးလက်မှတ်တစ်ခုအတွက် အွန်လိုင်းကနေတင်ရတဲ့ အကြိုရက်ချိန်း စလစ်တစ်စောင်ရဖို့ အနည်းဆုံး ၃/၄ လ စောင့်ကြရသလို၊လက်မှတ်အသက်ဝင်တဲ့ နေ့ဆိုရင်လည်း ရာနဲ့ချီပြီး ရုံးမှာ ကြိုတင်တန်းစီကြရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *