မန္တလေး နန်းမြို့ရိုးအနီးမှာ လက်နက်ကြီးကျည်လို့ ယူဆရတဲ့ ကျည်ကျရောက်ပေါက်ကွဲမှုဖြစ်

မန္တလေးမြို့၊နန်းမြို့ရိုးအနီး၊ချမ်းအေးသာစံမြို့နယ်၊၂၆ လမ်းနဲ့၂၇လမ်းကြား၊၇၄လမ်းနဲ့၇၅လမ်းကြား၊စော်ဘွားဝန်းအတွင်းက လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တစ်လုံးခေါင်မိုးပေါ်ကို အောက်တိုဘာလ၂ရက်နေ့မနက်၄နာ ရီ၂၀မိနစ်က လက်နက်ကြီးကျည်လို့ ယူဆရတဲ့ ကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“အုံးဆိုတဲ့ အသံကြီးက တော်တော်ကျယ်တယ်။ဘယ်နေရာမှာ ပေါက်ကွဲမှုဖြစ်တာလဲတော့ မသိဘူး။လူတွေ ထိခိုက်ဒဏ်ရာ မရကြပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

လက်နက်ကျည်ကြီးကျည်လို့ ယူဆရတဲ့ ကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့ နေအိမ်ရဲ့ ခေါင်မိုးပျက်စီးခဲ့ရပြီး Toyota Ractis(ခဲရောင်)မော်တော်ယာဥ် ရှေ့ကာမှန်အကြီး ဝဲဘက်ဒေါင့်ကွဲအက်ခဲ့ရတဲ့အပြင် နေအိမ်ရှေ့ ဓါတ်တိုင်က Epc မီးကြိုးပေ၈၀ခန့် ၃ကြိုး ပြတ်ကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *